အောက်တိုဘာ ၁ ရက် အောင်ဘာလေ ထီဖွင့်ပွဲမှ စပြီး ဆုမဲအသစ် အနေဖြင့် အက္ခရာနှင့် ရှေ့ဂဏန်း (၁) လုံးတူရုံဖြင့် ….

အောက်တိုဘာ ၁ ရက် အောင်ဘာလေ ထီဖွင့်ပွဲမှ စပြီး ဆုမဲအသစ် အနေဖြင့် အက္ခရာနှင့် ရှေ့ဂဏန်း (၁) လုံးတူရုံဖြင့် တစ်သောင်းကျပ်ဆု ချီးမြှင့်မည်

လာမည့် အောက်တိုဘာ လ ၁ ရက်တွင်ဖွင့်လှစ်မည့် (၄၃) ကြိမ်မြောက် အောင်ဘာလေ သိန်းဆု ဖွင့်ပွဲတွ င် ဝေဝေဆာဆာ ပဒေသာ ဆုမဲအသစ် အနေဖြင့် အ က္ခရာနှင့် ရှေ့ဂဏန်း (၁) လုံးတူရုံဖြင့် တစ်သောင်းကျပ် ဆုမဲများကို စတင်၍ ချီးမြှင့် ပေးသွားမည် ဖြ

စ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာန၊ အောင် ဘာလေ သိန်းဆုဌာနခွဲ ထံမှ သိရသည်။ “လာမယ့် ၁ ရက် ၁၀ လ ၂၀၂၂ မှာ ကျင်းပပြုလုပ်မယ့် ၄၃ ကြိမ်မြောက် အောင်ဘာလေ သိန်း‌ဆု ဖွင့်ပွဲမှာ ထီချစ်သူ မိဘ ပြည်သူများ အနေနဲ့ ထီကံစမ်းတဲ့ အခါမှာ ဆု

ကြီးတွေနဲ့ လွဲခဲ့ရင်တောင်မှ အနည်းဆုံး ထီ လက်မှ တ် ၁၁ စောင်ပါ၀င်တဲ့ ထီစာအုပ် တစ်အုပ်နဲ့ ညီမျှတဲ့ ကျပ် တစ်သောင်း ဆုကို ပြန်လည် ချီးမြှင့် ပေးတာဖြစ်ပါတယ်။ အခြေခံ လူတန်းစားအတွက် ထီဆုငွေ တစ်သောင်းဟာ စား၀တ်နေရေး အတွက်ပဲ ဖြစ်ဖြစ်

ထိုက်သင့်တဲ့ ပမာဏ အထိတော့ ရရှိမှာဖြစ်ပါတယ်” ဟု ပြည်တွင်း အခွန်များ ဦးစီးဌာန၊ အောင်ဘာလေသိန်းဆု ဌာနခွဲ၏ ညွှန်ကြားရေးမှူး ဦးညီညီလှိုင် ကပြောသည်။ ထီထိုးသူများ အနေဖြင့် ငါးစောင်တွဲထီ ထိုးမည်ဆိုလျင် အက္ခရာ နှင့် ရှေ့ဂဏန်း တစ်လုံး

တူပါက ကျပ်ငါးသောင်း ရရှိမည်ဖြစ်ပြီး ၁၀ စောင်တွဲ ထီထိုးမည် ဆိုလျင် ကျပ်တစ်သိန်း အထိ ရရှိနိုင်မည် ဖြစ်သည်ဟု သိရသည်။ ယခုလက်ရှိအချိန်တွင် အောင်ဘာလေ ထီဆု၏ အထူးဆုကြီး အနေဖြင့်ကျ ပ်သိန်း ၅၀၀၀ ၊ ကျပ်သိန်း ၁၀၀၀ ၊ ကျပ်သိန်း ၅၀၀

ဆုတစ်ဆုခြင်း အနေဖြင့် ကျပ်သိန်း ၁၀၀၊ ကျပ်သိ န်း ၅၀၊ ကျပ်သိန်း ၂၀၊ ကျပ်သိန်း ၁၀၊ ဝေဝေ ဆာဆာ ပဒေသာဆု အနေဖြင့် သုံးသိန်း၊ နှစ်သိန်း၊ တစ်သိန်း၊ ငါးသောင်း ဆုများကို ချီးမြှင့်လျက်ရှိသည်။ပြီးခဲ့သည့် စက်တင်ဘာလ ၁ ရက် အောင်ဘာလေ

ထီဖွင့်ပွဲတွင် ထီလက်မှတ် ရောင်းချရ ငွေမှာ ကျပ်သန်း ၃၀၀၀ ကျော်ရှိခဲ့ပြီး ၇၀ ရာခိုင်နှုန်းကို ထီဆု ငွေအဖြစ် ချီးမြှင့်ခဲ့သည်ဟု သိရသည်။

(Visited 28,538 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*