အလှမယ်ဟန်လေး မြန်မာရဲနဲ့တွေ့ဖို့ငြင်းဆိုမှုကို ထိုင်းလဝက လက်ခံပြီး ဆက်လက်စောင့်ရှောက်ထား

အလှမယ်ဟန်လေး မြန်မာရဲနဲ့တွေ့ဖို့ငြင်းဆိုမှုကို ထိုင်းလဝက လက်ခံပြီး ဆက်လက်စောင့်ရှောက်ထား ထိုင်းလေဆိပ်မှာ ဆက်လက်ရှိနေ

အလှမယ် ဟန်လေးကို မြန်မာရဲတပ်ဖွဲ့ ဘက်က ဘန် ကောက်က လေဆိပ်မှာ စက်တင်ဘာ ၂၂ ရက် မြန် မာစံတော်ချိန် သန်းခေါင်ယံမှာ လာရောက် တွေ့ဆုံဖို့ ထိုင်းလူဝင်မှု ကြီးကြပ်ရေး ဌာနက တစ်ဆင့် ဆက်

သွယ်လာခဲ့ တာကို ဟန်လေးက ငြင်းဆိုခဲ့တဲ့ နောက်လက်ရှိမှာ ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိ လေဆိပ်မှာပဲ ဒီနေ့ စက်တင်ဘာ ၂၃ ရက်မနက်ထိ လုံလုံခြုံခြုံဆက်ရှိနေပါတယ်။ “ကျွန်မကို ညက ထိုင်းလဝက အရာရှိ

က ဖုန်းဆက်လာပြီး မြန်မာရဲတွေ ရောက်လာတယ်။ သူတို့နဲ့တွေ့ချင်လား။ တွေ့ချင်ရင် ငါတို့ဘက်က ထို င်းရဲလည်း ထည့်ပေးမယ်။ အစောင့် အရှောက်တွေလည်း ထည့်ပေးမယ်။ နင်တွေ့ချင်လား စကားပြော

ချင်လားပေ့ါနော်။ ကျွန်မက မတွေ့ချင်ဘူး။ စကားလည်း မပြောချင်ဘူး လို့ပြောလိုက်တော့ လဝက အရာရှိက အေးအေး ဆေးဆေ းပဲလက်ခံတယ်။ UNHCR ကလည်း ညီမကို ထွက်မတွေ့ဖို့ မှာထား

တာလေ။ အခုဒီမနက်ထိ အေးအေး ဆေးဆေးပဲ။ လေဆိပ်ထဲက ဟိုတယ်တစ်ခုမှာ ထားပေးထားတ ယ်။ အခု ညီမ ထိုင်းလဝက အရာရှိနဲ့ UNHCR က တာဝန်ရှိသူတစ်ဦး ညီမဆီလာနေတာကို စောင့်နေ

တာပါ” လို့ ဟန်လေးက ဘီဘီစီကို ပြောပါတယ်။
ဟန်လေးရဲ့ပတ်စ်ပို့ကို မြန်မာဘက်က ပျောက်ဆုံးအနေနဲ့ ဗီယက်နမ် ဘက်ကို လှမ်းအကြောင်း ကြားထားကြောင်းနဲ့ ထိုင်းကို ပြန်လည် ဝင်ရောက် ချိန်မှာ

သူ့ရဲ့ပတ်စ်ပို့ကို စစ်ဆေးရာမှာ အင်တာပိုလ်စာရင်းထဲ ပါနေပြီး မြန်မာမှာ ပြစ်မှု ကျူးလွန် ခဲ့တယ်လို့ ပါရှိ နေတာြဖစ်ပါတယ်။ ဟန်လေးကို မြန်မာစစ်ကောင်စီက ပုဒ်မ ၁၂၄ (က)နဲ့ တရားစွဲထားပြီးဖမ်း

ဝရမ်းထုတ်ထားပါတယ်။

(Visited 30 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*