အမေရိကန် နှင့် ကနေဒါ စစ်သင်္ဘောများ ထိုင်ဝမ်ရေလက်ကြား ကိုဖြတ်၍ ရွှက်လွှင့်

အမေရိကန် နှင့် ကနေဒါ စစ်သင်္ဘောများ ထိုင်ဝမ်ရေလက်ကြား ကိုဖြတ်၍ ရွှက်လွှင့်

ပေကျင်းနှင့် ထိုင်ဝမ်တို့ကြား စစ်ရေး တင်းမာမှုများ မြင့်တက် နေချိန်တွင် ပြုလုပ်သည့် စစ်ဆင်ရေးတစ်ခု အနေဖြင့် အမေရိကန် စစ်သင်္ဘော တစ်စင်းနှင့် ကနေဒါ စစ်သင်္ဘော တစ်စင်းတို့သည် ထိုင်ဝမ်ရေလက်ကြားကိုဖြတ်၍ ပုံမှန်ဖြတ်သန်း သွားလာမှု

တစ်ရပ်ကို စက်တင်ဘာလ ၂၀ ရက် အင်္ဂါနေ့ကလုပ် ဆောင်ခဲ့ကြောင်း အမေရိကန်စစ်တပ်က ပြောကြားခဲ့သည်။ အဆိုပါ စစ်ဆင်ရေးအား တရုတ် ဘက်ကရှုံ့ချခဲ့ပြီး ၎င်း၏ တပ်ဖွဲ့များက သတိပေးမှု များပြု လုပ် ခဲ့သည်ဟုလည် ပြောကြားခဲ့သည်။ မကြာသေး

မီနှစ်များအတွင်း အမေရိကန် စစ်သင်္ဘော များနှင့် ဗြိတိန်နှင့် ကနေဒါ တို့ကဲ့သို့သော မဟာမိတ် နိုင်ငံများမှ သင်္ဘောများသည် ဒီမိုကရေစီ နည်းလမ်းတကျ ရွေးချယ် တင်မြှောက်ထားသည့် ထိုင်ဝမ်အစိုးရက ပြင်းပြင်းထန်ထန် ကန့်ကွက် နေသည့်ကြားမှပင်

ထိုင်ဝမ်အား ၎င်း၏ပိုင်နက်ဟု အခိုင်အမာ ဆိုထားသော တရုတ်၏ ဒေါသကို ဆွပေးနေသည့် အလား ရေလက်ကြားကို ဖြတ်၍ ပုံမှန် ရွှက်လွှင့်လေ့ ရှိခဲ့သ ည်။ အမေရိက၏ ထုတ်ပြန်ချက်၌ ၎င်း၏ရေတပ်မှ Arleigh Burke အမျိုးအစား ပဲ့ထိန်းဒုံးကျည်ဖျက်

သင်္ဘော Higgins နှင့် ကနေဒါရေတပ်၏ Halifax အမျိုးအစား ဖရီးဂိတ်သင်္ဘော Vancouver တို့သ ည် ကမ်းရိုးတန်း ပြည်နယ်၏ ပိုင်နက်ကို ကျော်လွန် ၍ ရေလက်ကြားမှ တစ်ဆင့် ဖြတ်သန်း သွားခဲ့သည်ဟုဆိုထားသည်။ “ယခုကဲ့သို့သော ပူးပေါင်းဆောင်

ရွက်မှုသည် လုံခြုံ၍ သာယာဝပြောသော ဒေသဆီသို့ကျွန်ုပ်တို့ ချဉ်းကပ်မှု၏ အဓိကအချက်ကို ကိုယ်စားပြုသည်” ဟု ရေတပ်၏ ထုတ်ပြန်ချက် တွင်ထည့်သွ င်း ပြောကြားခဲ့သည်။ ကနေဒါ ကာကွယ်ရေးဝန် ကြီး Anita Anand ကမူ ကနေဒါနိုင်ငံသည် အင်ဒို

– ပစိဖိတ် ဒေသရှိ နိုင်ငံတစ်နိုင်ငံ အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်ရေးနှင့် သာယာဝ ပြောရေးကို ထိန်းသိမ်းရန် နက်နက်ရှိုင်းရှိုင်း ကတိကဝတ်ပြုထားကြောင်းလည်း ပြောကြားခဲ့သည်။ “ယနေ့ပြုလုပ်တဲ့ ထိုင်ဝမ်ရေလက်ကြားဖြတ်သန်းမှုဟာ လွတ်လပ်

ပွင့်လင်းမှုပါဝင်တဲ့ အင်ဒို – ပစိဖိတ်ဒေသအတွက် ကျွန်မတို့ရဲ့ကတိကဝတ်ကိုသရုပ်ဖော်ပါတယ်” ဟု သူ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သို့သော်တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အရှေ့ပိုင်းတိုင်းကွပ်ကဲရေးဌာနကမူ ၎င်း၏တပ်ဖွဲ့များ

သည်သင်္ဘောများကို စောင့်ကြည့်သတိပေးခဲ့သည်ဟုပြောကြားခဲ့သည်။ “ ကွပ်ကဲရေးဌာနတပ်ဖွဲ့များဟာ အမြဲတမ်းသတိကြီးကြီးထားစောင့်ကြည့်နေပြီး ခြိမ်းခြောက်ရန်စ မှု အားလုံးကို ပြတ်ပြတ်သားသားတန်ပြန်ကာ နိုင်ငံတော်အချုပ်အခြာအာဏာနဲ့ နယ်

မြေဂုဏ်သိက္ခာကို ပြတ်ပြတ်သားသားကာကွယ်သွားပါမယ်” ဟုဆိုကာ ထိုသို့သောမစ်ရှင်များကို ပုံမှန်အသုံးအနှုန်းဖြင့်သာအသုံးပြုတုံ့ပြန်ခဲ့ကြောင်းဖော်ပြထားသည်။ ကန်နှင့်ကနေဒါသင်္ဘောများသည် မြောက်ဘက်သို့ဦးတည်ရွက်လွှင့်ခဲ့ပြီး မိမိတို့၏တ

ပ်ဖွဲ့များသည်မစ်ရှင်ကိုစောင့်ကြည့်နေခဲ့ပြီး အခြေနေသည် ပုံမှန်အတိုင်း သာတည် ငြိမ်နေခဲ့ကြောင်း ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနကလဲ ပြောကြားခဲ့သည်။ ယခုတစ်ကြိမ် ဖြတ်သန်းသွားလာမှုသည် တစ်လအတွင်းရေလက်ကြား၌ ကန်စစ်သင်္ဘော၏

နှစ်ကြိမ်မြောက်ဖြတ်သန်းသွားလာခြင်းလည်းဖြစ်သကဲ့သို့ ၂၀၂၁ ခုနှစ် အောက်တိုဘာ လကနောက် ဆုံးဖြတ်သန်းပြီးနောက် တစ်နှစ် မရှိတရှိ အချိန်အ တွင်း အမေရိကနှင့် ကနေဒါတို့၏ ဒုတိယအကြိမ်မြောက်ပူးတွဲ ဖြတ်သန်းမှု လည်းဖြစ်သည်။ ကျဉ်း

မြောင်းသောထိုင်ဝမ်ရေလက်ကြားသည် ၁၉၄၉ ခုနှစ်၌ တရုတ်သမ္မတနိုင်ငံအစိုးရက ယခုလက်ရှိတရုတ်ပြည်သူ့သမ္မတနိုင်ငံကိုတည်ထောင်ခဲ့သည့် ကွန်မြူနစ်များကိုပြည်တွင်းစစ်၌ရှုံးနိမ့်ပြီးနောက် ထိုင်ဝမ်သို့ထွက်ပြေးလာချိန်မှစ၍ စစ်ရေး

တင်းမာမှုများမကြာခဏဖြစ်ပွားရာနေရာတစ်ခုဖြစ်လာခဲ့သည်။

(Visited 25 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*