ဗုဒ္ဓဘာသာကို ထိခိုက်စေ လို့ဆိုပြီး ပုံနှိပ် ထုတ်ဝေလုပ်ငန်း နှစ်ခု အပိတ်ခံရ

ဗုဒ္ဓဘာသာကို ထိခိုက်စေ လို့ဆိုပြီး ပုံနှိပ် ထုတ်ဝေလုပ်ငန်း နှစ်ခု အပိတ်ခံရ

‘မှားယွင်းသော ဗုဒ္ဓဘာသာကို ဖြေရှင်းခြင်း လော က စာတမ်း (အတွဲ ၆) ‘ ဆိုတဲ့ စာအုပ်ကို ပုံနှိပ်ထုတ်ဝေခဲ့တဲ့ သံလွင်ပုံနှိပ်တိုက် နဲ့ ဉာဏ်အလင်း စာပေ တို့ကို ပြန်ကြားရေး ဝန်ကြီးဌာနက ပုံနှိပ်ထုတ်ဝေခွ င့် ရုပ်သိမ်းလိုက်ပါတယ်။ ‘အဲဒီစာအုပ်ထဲမှာ ဆရာ

တော်ကြီးတွေနဲ့ ဘာသာရေးကို ထိခိုက်စေတဲ့ ရေး သားချက်တွေပါလို့ ဥပဒေအတိုင်းအရေးယူတာ’ လို့ ပြန်ကြားရေးဝန်ကြီး ဌာနက တာဝန်ရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။ စာအုပ်ထဲက အကြော င်းအရာတွေဟာ ၂၀၁၄ ခုနှစ် ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေ

ခြင်း လုပ်ငန်း ဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ(က) နဲ့ ငြိစွန်းလို့ အရေးယူတာလို့ ပြန်ကြားရေး ဝန်ကြီးဌာန က ဒီကနေ့ ထုတ်နိုင်ငံပိုင် သတင်းစာ တွေမှာ ထုတ်ပြန်ပါတယ်။ ဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ (က) အရ တိုင်းရင်း သား လူမျိုး အချင်းချင်း၊ နိုင်ငံသားအချင်းချင်း လူ

မျိုးရေးအရ၊ ဘာသာရေးအရ၊ ယဥ်ကျေးမှု အရ ထိ ခိုက်နစ်နာစေတဲ့ အကြောင်းအရာတွေကို ပုံနှိပ်ထုတ်ဝေလို့ အရေးယူတဲ့ အကြောင်း အဲဒီ ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။ အဆိုပါစာအုပ်ကို ဦးလှသိ န်း(ဉာဏ်အလင်းစာပေ) က ရေးသားထုတ်ဝေခဲ့

တာဖြစ်ပြီးတော့ ပုံနှိပ်ရေးနဲ့ ထုတ်ဝေရေး ဦးစီးဌာန ကို တင်တဲ့အခါ ဝန်ကြီးဌာနက သိရှိအရေးယူ ခဲ့တာဖြစ်ပါတယ်။ အရေးမယူခင်မှာ သာသနာ‌ရေးနဲ့ ယဥ်ကျေး ဝန်ကြီးဌာနကို သဘောထား မှတ်ချက်တောင် းခံခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်

ရှိသူ တစ်ဦးက ပြောပါတယ်။ ဒါပေမဲ့ စာပေထုတ်ဝေသူတစ်ဦးကတော့ စစ်ကောင်စီ လက်အောက်က ပြန်ကြားရေး ဝန်ကြီးဌာနဟာ သူတို့မထင်ရင်မထင်သလို အရေးယူနေပြီး စာပေ လွတ်လပ်ခွင့်ကို နားမလည် သူတွေလို့ ဝေဖန်ပါတယ်။ အာဏာ သိမ်းပြီး

နောက်ပိုင်း ပြန်ကြားရေးဝန်ကြီးဌာနရဲ့အချက် အ လက်တွေအရ ပုံနှိပ်ခြင်း၊ထုတ်ဝေခြင်းနဲ့ သတင်းအေဂျင်စီ လုပ်ငန်းတွေကို အရေးယူမှု (၂၁) ကြိမ်ပြုလုပ်ထားပါတယ်။

(Visited 34 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*