ရေနစ်နေတဲ့ အမျိုးသမီး နှစ်ဦးကို ကယ်ဆယ် ပေးဖို့ ကြိုးစားတဲ့ အမျိုးသား ရေနစ်သေဆုံး

ရေနစ်နေတဲ့ အမျိုးသမီး နှစ်ဦးကို ကယ်ဆယ် ပေးဖို့ ကြိုးစားတဲ့ အမျိုးသား ရေနစ်သေဆုံး

ကျောက်ဆည်ခရိုင် ဆင်ခေါင်းတောင် အနီးက အပ န်းဖြေ စခန်းတခုမှာ ရေနစ်နေတဲ့ အမျိုးသမီးနှစ်ဦးကို ကူညီကယ်ဆယ်ဖို့ ကြိုးစားခဲ့တဲ့ အမျိုးသား တစ် ဦး ရေနစ်သေဆုံး ခဲ့တယ်လို့ မြန်မာနိုင်ငံ လူမှုကယ် ဆယ်ရေးအဖွဲ့ မန္တလေး တိုင်းရုံး အဖွဲ့ဝင်တစ်ဦးက

DNA ကိုပြောပါတယ်။ “ ရေနစ်တော့ ကမ်းပေါ်က ယောက်ျားလေး တစ်ယောက်က ဆင်းကယ်တာ၊ ဖြ စ်ချင်တော့ သူက ရေကူး တတ်တဲ့လူ မဟုတ်ဘူး” လို့ သူက ပြောပါတယ်။ အပန်းဖြေ စခန်းမှာ အဲ့ဒီလို ရေနစ်တာဟာ စက်တင်ဘာ (၁၈) ရက်က ဖြစ်ခဲ့တာ

ဖြစ်ပြီး ကနဦး ရေနစ်ခဲ့တဲ့ အမျိုးသမီး နှစ်ဦးက အ သက် ဘေးက လွတ်ခဲ့ပေမယ့် ကူညီ ကယ်ဆယ်ဖို့ ကြိုးစားတဲ့ အမျိုးသား ကတော့ ရေနစ် ပျောက် ဆုံးသွားပြီး ဒီကနေ့ မနက်ပိုင်းမှာ ရုပ်အလောင်း ပြန်လ ည်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ “သူဆင်းကယ်တဲ့

ကောင်မလေး တစ်ယောက် ကတော့ ရေစီးနဲ့ မျောပါ သွားပြီး ဆန်တက်လာတဲ့ စက်လှေနဲ့ တွေ့ပြီး အ သက် ရှင်လျက် ကယ်နိုင်ခဲ့တယ်၊ (ကျန် အမျိုးသမီး ) တစ်ယောက် ကလည်း ဘာမှမဖြစ်ဘူး” လို့ မြန်မာ နိုင်ငံလူမှု ကယ် ဆယ်ရေးအဖွဲ့ မန္တလေး တိုင်းရုံး အ

ဖွဲ့ဝင်က ပြောပါတယ်။ တစ်ခြား သူတွေကို ကူညီက ယ်ဆယ်ဖို့ ကြိုးစားရင်း ရေနစ် ပျောက်ဆုံး သွားတဲ့ အမျိုးသားကို ပထမဆုံးနေ့မှာ လေးနာရီကြာ ရှာဖွေခဲ့ပြီး၊ ဒုတိယနေ့ မှာလည်း မနက် ရှစ်နာရီ ကနေ ည နေ ငါးနာရီ အထိ ရှာဖွေ ကယ်ဆယ်ခဲ့ ကြပေမယ့်

ရှာဖွေတွေ့ရှိခြင်း မရှိခဲ့တာပါ။ ဒီကနေ့မှာ တတိယမြောက် နေ့အဖြစ် ဆက်လက် ရှာဖွေရာ မှာတော့ နေ့ လယ်ပိုင်း လောက်မှာ မြို့ကြီး ရေလွှဲဆည် (အဝေရာဆည်) မှာ ရုပ်အလောင်း ပြန်တွေ့ ကြတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေး အဖွဲ့ ( မန္တလေး တိုင်း) က ထုတ်ပြန်ထားပါတယ်။

(Visited 601 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*