ရုရှားကို တိုက်ခိုက်မည်ဟု ကြုံးဝါးခဲ့သည့် ယူကရိန်းနည်းပြကို အရေးယူရန် ရုရှား တိုင်ကြား

ရုရှားကို တိုက်ခိုက်မည်ဟု ကြုံးဝါးခဲ့သည့် ယူကရိန်းနည်းပြကို အရေးယူရန် ရုရှား တိုင်ကြား

ရုရှားနိုင်ငံကို တိုက်ခိုက်မယ်လို့ ကြုံးဝါးခဲ့တဲ့ ယူကရိ န်း လက်ရွေးစင် အသင်း နည်းပြကို အရေးယူဖို့ ရု ရှား ဘောလုံး အဖွဲ့ချုပ်က ယူအီးအက်ဖ်အေ ထံ တို င်ကြား ထားပါတယ်။ ယူကရိန်း အသင်း နည်းပြ

ပတ်ထရာကော့ဗ် ဟာ ရုရှား ရန်သူတွေ အနေနဲ့ ကိယက်ဗ် မြို့ကို လာမယ်ဆိုရင် လက်နက်ကိုင် တိုက်ပွဲဝင်ပြီး မြို့တော်ကို ကာကွယ် သွားမယ်လို့ ပြီးခဲ့တဲ့ ဧ ပြီလတုန်းက ကြုံးဝါးပြော ဆိုခဲ့တာပါ။ အဲဒီလိုပြော

ဆိုခဲ့တာဟာ နိုင်ငံ့ လက်ရွေးစင် နည်းပြ တစ်ဦးအ နေနဲ့ မသင့်တော်တဲ့ အပြုအမူလို့ ရုရှား ဘောလုံး အ ဖွဲ့ချုပ် ဘက်က စွပ်ခဲ့ပြီး ပွဲပယ် ပြစ်ဒဏ် ချမှတ်ပြီး အရေးယူဖို့ ယူအီအက်ဖ်အေကို တိုင်ကြား ခဲ့တာပါ။

ယူကရိန်းအသင်း နည်းပြ ပတ်ထရာကော့ဗ် ဟာ ရု ရှားနဲ့ စစ်ဖြစ်ပွားချိန် စတင်ကတည်းက ယူကရိန်းစစ်တပ် ထဲဝင်ဖို့ စာရင်းပေး ခဲ့ပေမယ့် အသက် အ ရွယ် ကြီးမြင့်မှုနဲ့ စစ်ရေး အတွေ့ကြုံမရှိ တာကြော

င့် ဝင်ခွင့် မရခဲ့ပါဘူး။ သူဟာ ယူကရိန်းကို ကမ္ဘာ့ဖ လားဆီ ပို့ဆောင်ပေးဖို့ ကြိုးပမ်းခဲ့ပေမဲ့ နောက်ဆုံး ပလေးအော့ဖ် အဆင့်မှာ ဝေးလ် အသင်းကို ရူံးနိမ့်ခဲ့လို့ ကမ္ဘာ့ဖလားနဲ့ လွဲချော် ခဲ့ရပါတယ်။

(Visited 114 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*