ပဲခူးမှာ ဘုန်းကြီး ၂၅ ပါး ကြာဇံကြော် ဘုဉ်းပေးပြီး အစာအဆိပ်သင့်မှု ဖြစ်ပွားလို့ ဆေးကုသမှု ခံယူနေရ

ပဲခူးမှာ ဘုန်းကြီး ၂၅ ပါး ကြာဇံကြော် ဘုဉ်းပေးပြီး အစာအဆိပ်သင့်မှု ဖြစ်ပွားလို့ ဆေးကုသမှု ခံယူနေရ

ပဲခူးမြို့ ၊ မြို့တွင်းကြီး ရပ်ကွက်က သာသနာ့မဏ္ဍိုင် ကျောင်းတိုက်မှာ မနေ့ စက်တင်ဘာ လ ၁၉ ရက်နေ့ မှာ သံဃာ ၂၅ ပါး အစာအဆိပ်သင့်မှု ဖြစ်ပွား ခဲ့တ ယ်လို့ သိရပါတယ်။ ဒီနေ့ မနက်ပိုင်း အလှူရှင် တဦး

အာရုံဆွမ်း ကပ်တဲ့ ကြာဇံကြော်ကို ဘုဉ်းပေးအပြီးမှာ အစာ အဆိပ်သင့်မှု ဖြစ်ပွားခဲ့ တာကြောင့် ဆေး ရုံကို ပို့ဆောင်ကာ ဆေးကုသမှု ပေးခဲ့ရတယ်လို့ သိရပါတယ်။ “အလှူရှင်က အရုဏ်ဆွမ်းလာကပ် တာ ၊

ဘာအခန့်မသင့်လဲတော့ မသိဘူး ဘုန်းကြီးတွေ ဘု ဉ်း ပေး အပြီး အစာအဆိပ် သင့်သွားတာပါ ၊ စိုးရိမ်စရာတော့ မရှိတော့ဘူး ကြားပါတယ် “လို့ ဒေသခံပရဟိတ သမားတဦးက ပြောပါတယ်။ အစာအဆိပ်

သင့်ခဲ့တဲ့ ဘုန်းကြီး ၂၅ ပါးကို ပဲခူး ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ကာ ဆေးကုသမှု ပေးခဲ့ရာ လက်ရှိ ဘုန်းတော်ကြီး ၁၉ ပါး ရောဂါသက်သာ တာကြောင့် ဆေးရုံက ဆင်းပြီး ကျောက်တိုက်ကို ပြန်ရောက်ရှိ

နေပြီ ဖြစ်တယ်လို့ သိရပါတယ်။ ကျန်တဲ့ ဘုန်းတော်ကြီး ၆ ပါးကတော့ ဆေးကုသမှု ဆက်လက် ခံယူနေ ရတုန်းပဲ ဖြစ်တယ် လို့လည်း သိရပါတယ်။

(Visited 324 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*