ဂျပန်နိုင်ငံကို နန်မာဒေါလ် တိုင်ဖုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ပြီး ၂ ဦးသေဆုံး ၁၁၄ ဦး ဒဏ်ရာရ

ဂျပန်နိုင်ငံကို နန်မာဒေါလ် တိုင်ဖုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ပြီး ၂ ဦးသေဆုံး ၁၁၄ ဦး ဒဏ်ရာရ

ဒီတပတ်အကုန်မှာ ဂျပန်နိုင်ငံကို နန်မာဒေါလ် တိုင်ဖု န်းမုန်တိုင်း ဝင်ရောက်  တိုက်ခတ်ခဲ့ တာကြောင့် လူနှစ်ယောက် သေဆုံးတယ်လို့ အတည်ပြုနိုင်ပြီး တစ် ခြား နှစ်ယောက် ကိုတော့ အသက်ရှင်လျက် ရှိ၊ မရှိ အတည်မပြု နိုင်သေးတဲ့ အနေအထားနဲ့ ရှာတွေ့ခဲ့

တယ်လို့ အစိုးရ ပြောခွင့်ရှိသူက စက်တင်ဘာ ၂၀ ရ က်က ပြောတဲ့အကြောင်း CNA သတင်းမှာ ဖော်ပြပါတယ်။ မုန်တိုင်းဟာ တနင်္ဂနွေ ညပိုင်းက ဂျပန် နိုင် ငံတောင်ပိုင်း ကာဂိုရှီးမာမြို့ကို ဝင်ရောက်ခဲ့ပြီး ကျူရှူးဒေသမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ကာ အဲဒီနော

က် မုန် တိုင်းဟာ အနောက်ဘက် ကမ်းရိုးတန်း တစ် လျှောက်  ရွေ့လျား သွားပါတယ်။ ဒီမနက် မှာတော့ မုန်တိုင်းဟာ အားပျော့သွားပြီး အနောက်မြောက်ဘ က်ကမ်းရိုးတန်းနဲ့ ပင်လယ်ပြင်ဆီ ဦးတည် သွားနေပါတယ်။ မုန်းတိုင်းကြောင့် တရက်နီးပါးကြာ လေပြ

င်းနဲ့ မိုးသည်းထန်စွာ ရွာတာကြောင့် ကျူရှူးကျွန်းရဲ့ အပန်းဖြေနေရာ မီယာဇာကီ မှာတော့  လူ နှစ်ယော က် သေဆုံးခဲ့သလို သစ်ပင်တွေ ကျိုးကျတာ၊ ပြတ င်းတံခါးတွေကွဲ ပျက်စီးသွားခဲ့ပါတယ်။ မုန်တိုင်းထဲမှာ ပျောက်ဆုံးနေသူတယောက်ကို သက်ဆိုင်ရာက

ရှာဖွေတယ်လို့ အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဟီရိုဇာကူမတ်ဆူနိုက ပြောပါတယ်။ အနည်းဆုံး လူ ၁၁၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ၁၄ ဦး စိုးရိမ်ရတယ်လို့ သိရပါတယ်။ မုန်တိုင်းကြောင့် ကျူရှူးကျွန်းက နေ အိမ်အများစုအပါအဝင်  နိုင်ငံတဝန်း အိမ်ထောင်စု

၁၄၀,၀၀၀  လောက် ဒီနေ့မနက် အစောပိုင်းထိ လျှ ပ်စစ်မီး  မရသေးဘူးလို့ သိရပါတယ်။ ကျူရှူးကျွန်းတောင်ဘက် တန်နီဂါရှီးမားကျွန်းက ဂျပန် အာကာ သ အေဂျင်စီစင်တာရဲ့ အဆောက်အအုံရဲ့ နံရံပျက် စီးခဲ့တယ်လို့ စီပွားရေးနဲ့ စက်မှုဝန်ကြီးက ပြောပါ

တယ်။ အဲဒီ အဆောက်အုံဟာ ရော့ကတ်တွေ တပ်ဆင် ထုတ်လုပ်တဲ့ နေရာလို့ သိရပါတယ်။ မုန်တိုင်းအလွန်ကာလ ဒီနေ့မနက်မှာတော့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ ပုံမှန်အတိုင်း ပြန်လည်ပတ်နေပြီး အလုပ်နား ၃ ရက်အပြီးမှာ အလုပ်သွား သူတွေလ

ည်း လုပ်ငန်းခွင် ပြန်ဝင်နေကြပါတယ်။ ကျည်ဆန်ရထားခရီးစဉ်တွေလည်း ပြန်ပြေးဆွဲနေပြီဖြစ်ပေမဲ့ ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်းက လေယာဉ်ခရီးစဉ်တွေကတော့ ရပ်နားထားပါတယ်။ ဂျပန်နိုင်ငံဟာ တနှစ်ကို တိုင်ဖုန်းရာသီအတွင်း မုန်းတိုင်း အနိမ့်ဆုံး

အလုံး ၂၀ နဲ့ရင်ဆိုင်နေရတာပါ။ ရာသီဥတု ပြောင်း လဲတာကြောင့် အင်အားပြင်း မုန်တိုင်းတွေ တိုးလာပြီး ပြင်းထန်တဲ့ ရာသီဥတု ကြောင့် အပူလှိုင်းတွေ၊ မိုးခေါင် ရေရှားတာနဲ့ ရေကြီးမှု စတဲ့  ပြင်းထန်တဲ့ ရာသီဥတု အခြေနေတွေ မကြာခဏပိုဖြစ်လာတယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

(Visited 316 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*