အမရပူရမြို့ မဟာဂန္ဓာရုံ ကျောင်းတိုက် နာယက ဆ ရာတော် ပျံလွန်တော်မူ၊ ဆရာတော်ရဲ့ ရုပ်ကလပ်ကို …

အမရပူရမြို့ မဟာဂန္ဓာရုံ ကျောင်းတိုက် နာယက ဆ ရာတော် ပျံလွန်တော်မူ၊ ဆရာတော်ရဲ့ ရုပ်ကလပ်ကို ဆေးတက္ကသိုလ် ထံလှူဒါန်း

ရန်ကုန်၊ စက်တင်ဘာ ၁၉ အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက် နာယက ဆရာတော် ဥုးဇနပတိ ဟာ မနေ့က စက်တင်ဘာ လ ၁၈ ရက်မှာ ပျံလွန်တော်မူသွားတယ်လို့ သိရပါတယ်။ ဆရာတော်ရဲ့ ဈာပန အ

ခမ်းအနားဟာ ပျံလွန်တော်မူပြီး လေးနာရီ အတွင်းမှာပဲ အချိန် အတို အတွင်း ရိုးရှင်းစွာ ပြီးစီး သွားခဲ့ပြီး ဆရာတော်ရဲ့ရုပ်ကလပ် ကိုလည်း ဆရာတော်ရဲ့ ဆန္ဒအရ မန္တလေး ဆေးတ က္ကသိုလ်ကို ပို့ဆောင်လှူ

ဒါန်း ခဲ့တယ်လို့ သိရပါတယ်။ ဆရာတော်ဟာ အမရပူရမြို့၊ မဟာဂန္ဓာရုံ ကျောင်းတိုက်ရဲ့ နာယကဆရာ တော် ဖြစ်ပြီး အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ၊ သာသနာ့ဓဇ သီရိပဝရ ဓမ္မာစရိယ၊

အင်္ဂုတ္တရ နိကာယပါဠိပါဂူ၊ သက္ကတဆေက၊ ဂန္ထကာရက (ကျမ်းပြု) စတဲ့ ဘွဲ့တံဆိပ် တော်ရ ဆရာတော် တစ်ပါး ဖြစ်ပါတယ်။ ဆရာတော်ဟာ ပျံလွန်တော်မူချိန်မှာ သက်တော် (၇၆-နှစ်) သိက္ခာတော် (၅၆)ဝါ ရှိ

ပြီး စျာပနမချမီ မဟာဂန္ဓာရုံ သံဃာငယ်၊ အပေါင်းမှ ညီညီညာညာ ကန်တော့ တောင်းပန် ကြပြီး အလော င်းတော် သယ်ဆောင်မယ့် ဆေးရုံ ကားပေါ်သို့ ပို့ ဆောင် ပေးခဲ့ကြ တယ်လို့ သိရပါတယ်။

(Visited 1,439 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*