ထိုင်းနိုင်ငံ စိုင်ရို့ခရိုင်၌ မြန်မာနိုင်ငံသားများ လိုက် ပါလာတဲ့ ကား တိမ်းမှောက်မှုတွင် သေဆုံးခဲ့သူ မအိဖြူအောင် အတွက် လျော်ကြေးငွေ ….

စိုင်ရို့ခရိုင်၌ မြန်မာနိုင်ငံသားများ လိုက်ပါလာသည့် ပစ်ကပ်ကား တိမ်းမှောက်မှု ဖြစ်စဥ်တွင် သေဆုံးခဲ့သူ မအိဖြူအောင်အတွက် လျော်ကြေးငွေ ဘတ် ၅ သိန်းရရှိ

ထိုင်းနိုင်ငံ၊ စိုင်ရို့ခရိုင်၊ အမှတ် ၃၂၃ လမ်းမကြီးတွင် ဇန်နဝါရီ ၂၀ ရက်က မြန်မာနိုင်ငံ သားများလိုက်ပါလာသည့် ပစ်ကပ်ကားမှ ၁၀ ဘီးကားအားဝင်တိုက်ကာ တိမ်းမှောက် ခဲ့၍ မြန်မာနိုင်ငံသား

အမျိုးသား ၃ ဦးနှင့်အမျိုးသမီး ၂ ဦးသေ ဆုံးခဲ့သည်။ ထို့ကြောင့် သေဆုံးသူများ အတွက် လျော် ကြေးငွေ ရရှိရန် ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာအလုပ် သမား သံအရာရှိရုံးမှ တာဝန်ရှိသူ များက လိုက်ပါ

ဆောင် ရွက်ပေးခဲ့ ကြသည်။ ထိုသို့ ဆောင်ရွက် ပေးခဲ့ ကြသဖြင့် မြန်မာနိုင်ငံသား ဟုတ်မှန်ကြောင်းအထောက် အထား ပြည့်စုံသည့် သေဆုံးသူ ၄ ဦးအတွက် (တစ်ဦးလျင် ဘတ် ၅ သိန်းစီဖြင့်) ဘတ် ၂

သန်း အား သြဂုတ် ၁၀ ရက်တွင် မြန်မာ အလုပ် သ မား သံအရာရှိ ရုံးမှ တာဝန်ရှိသူ များက လက်ခံရယူပေးခဲ့သည်။ အလားတူ အထောက် အထားပြည့်စုံခြင်းမရှိသေးသည့် ပဲခူးတိုင်း၊ ပျဥ်ပုံကြီး မြို့နယ်နေ

မအိဖြူအောင် အတွက် လျော်ကြေးငွေ ရရှိရန် ဆ က်လက် ဆောင်ရွက် ခဲ့ကြသဖြင့် စက်တင်ဘာ ၁၉ ရက် (ယနေ့) တွင် လျော်ကြေးငွေ ဘတ် ၅ သိန်းထပ်မံ ရရှိခဲ့သည်ဟု မြန်မာအလုပ်သမား သံအရာရှိ

ရုံးမှ သိရသည်။ ထို့ကြောင့် ရရှိလာတဲ လျော်ကြေး ငွေ များအား ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ အလုပ် သ မား သံအရာရှိရုံးမှ သေဆုံးသူ များ၏ မိသားစုဝင်များထံသို့ စနစ်တကျ လွဲပြောင်းပေးအပ် သွားမည် ဖြစ်ကြောင်း သိရသည်။

(Visited 784 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*