ဆင်ပေါင်ဝဲတွင် ကားတစ်စီး တိမ်းမှောက် တစ်ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရ

ဆင်ပေါင်ဝဲတွင် ကားတစ်စီး တိမ်းမှောက် တစ်ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရ

မကွေးတိုင်း ဆင်ပေါင်ဝဲ မြို့နယ်ရှိ ပြည် – အောင်လံ – တောင်တွင်းကြီး သွားတဲ့ ကားလမ်းတွင် စက်တင် ဘာ လ ၁၈ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ ခြင်းဖြစ် ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်မှ သိရ

သည်။ ယင်းနေ့ ညနေ ၄ နာရီ ၁၀ မိနစ်ခန့်က ပြည်-အောင်လံ -တောင်တွင်းကြီး သွားတဲ့ ကားလမ်းတွင် Dyna ကားတစ်စီး တိမ်းမှောက် နေကြောင်း သတ င်းအရ ဧကရာဇ်နယ်မြေ မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်

များ၊ လူမှုကူညီရေး အသင်းများက ကူညီ ကယ်ဆ ယ်ရေး လုပ်ငန်းများ ပြုလုပ်ခဲ့ ကြသည်။ ထိုဖြစ်စဥ်ကြောင့် အမျိုးသမီး ၁ ဦးမှာ ထိခိုက်ဒဏ် ရာများရ ရှိ၍ အခင်းဖြစ် နေရာ၌ သေဆုံးသွားခဲ့ပြီး အမျိုး

သား ၃ ဦးနှင့် အမျိုးသမီး ၁ ဦးတို့တွင်လည်း ထိခို က် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် သေဆုံးသူ၏ ရုပ်အလောင်း နှင့် ထိခိုက် ဒဏ်ရာရရှိ သူများအား သင်္ခါရ လူမှုကူညီရေး အသင်းကား

ဖြင့် အောင်လံ မြို့နယ် ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ ကြကြောင်း သိရသည်။ “ကားလမ်း ဘေးက မြက်ပင်တွေ ချုံတွေနားမှာ မှောက်သွားတာ ဘယ် လိုဖြစ်ပြီး မှောက်သွားတယ် ဆိုတာ ကတော့ ကား

မောင်းတဲ့ လူပဲ သိလိမ့်မယ်” ဟု ကူညီ ကယ်ဆယ်ရေး ပြုလုပ်ခဲ့သည့် လူမှုကူညီရေး အသင်းဝင် ထားသော လူတစ်ဦးက ပြောသည်။

(Visited 164 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*