ပြင်ဦးလွင်မြို့နယ် စည်ကားရွာတွင် ၅ လောင်းပြိုင် လူသတ်မှု ဖြစ်ပွား

ပြင်ဦးလွင်မြို့နယ် စည်ကားရွာတွင် ၅ လောင်းပြိုင် လူသတ်မှု ဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ အနီးစခန်း အနီးတွင် ၅လောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့ပြီး ၄ဦးမှာ အခင်းဖြစ် နေရာတွင် သေဆုံးပြီး ၁ ဦးမှာ ဆေးရုံတွင် သေဆုံးသွားကြောင်း သတင်းရရှိ

သည်။ ပြင်ဦးလွင်မြို့နယ်၊ စည်ကားကျေးရွာ ကြက် ခြံ၌ အလုပ်လုပ်ကိုင် နေသည့် မိသားစုဝင် ၅ ဦး သ တ်ဖြတ် ခံခဲ့ရခြင်းဖြစ်သည်ဟု စက်တင်ဘာ ၁၈ ရ က်တွင် သိရသည်။ ” ကျွန်တော်တို့ကို ဖုန်းဆက်ခေါ်

လို့ ကူညီပေးခဲ့တာ။ အသေးစိတ် တော့မသိရသေးဘူး ညတုန်းက (စက်တင်ဘာ ၁၇) ဖြစ်သွား တဲ့ပုံစံလို့ သိရတယ်။ ခေါင်းမှာ ရိုက်ခံထားရဒဏ်ရာ၊ လ ည်ပင်း လှီးဖြတ်ဒဏ်ရာတွေ တွေ့ရတယ်” ဟု တုသိ

တာ လူမှုကူညီရေး အသင်းမှ တာ၀န်ရှိသူ တစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ ပြောသည်။ အသတ် ခံရသူ များမှာ ၁၃ နှစ်အရွယ် မိန်းကလေး ၂ ဦး၊ လူကြီး အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ဖြစ်ပြီး လူ

ကြီး ၃ ဦးနှင့် ကလေး ၁ဦးမှာ နေရာတွင်ပင် သေ ဆုံးခဲ့ကာ ကလေး၁ဦးသည် ဆေးရုံတွင် သေဆုံးသွားခဲ့သည်ဟုသိရသည်။ ပြင်ဦးလွင် (အခမဲ့) နာ ရေးကူညီမှုအသင်းနှင့် တုသိတာ လူမှုကူညီရေး

အသင်းတို့က ပြင်ဦးလွင် ပြည်သူ့ဆေးရုံကြီး ရေခဲ တိုက်သို့ ပို့ဆောင်ပေးခဲ့ပြီး ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေ းပြီး သေမှုသေခင်းဖွင့်ထားသည်ဟု သိရသည်။

(Visited 1,151 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*