ပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်ဖို့ မိန်းမ ၅၃ ယောက် ယူ ခဲ့ပေမဲ့ ပျော်ရွှင် အေးချမ်းတဲ့ဘဝ မရသေးဘူးလို့ ဆိုတဲ့ အမျိုးသား

ပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်ဖို့ မိန်းမ ၅၃ ယောက် ယူ ခဲ့ပေမဲ့ ပျော်ရွှင် အေးချမ်းတဲ့ဘဝ မရသေးဘူးလို့ ဆိုတဲ့ အမျိုးသား

ပျော်ရွှင်တဲ့ ဘဝ ပိုင်ဆိုင်ဖို့ ရည်ရွယ်ပြီး မိန်းမ တစ်ယောက်ပြီး တစ်ယောက် ယူခဲ့တဲ့ ဆော်ဒီ အမျိုးသားဟာ မိန်းမ ၅၃ ယောက် ရပြီးတဲ့အထိ ပျော်ရွှင်အေး ချမ်းမှု မရသေးဘူးလို့ ဆိုပါတယ်။ အဘူအဗ္ဗဒူလာ

ဟာ အသက် ၂၀ အရွယ်မှာ သူ့ထက် အသက် ၆ နှစ်ကြီးတဲ့ အမျိုးသမီးနဲ့ အိမ်ထောင်စကျခဲ့ပြီး သား သ မီး ထွန်းကား ခဲ့ပေမဲ့ စိတ်ညစ် စရာတွေ ရှိလာတယ်ဆိုပြီး နောက် ၃ နှစ် အကြာမှာ နောက် အိမ်ထောင်

ထပ်ပြုခဲ့တာပါ။ သူဟာ တတိယနဲ့ စတုတ္ထ အိမ်ထေ ာင်တွေ ပြုပြီးချိန်မှာ ပထမနဲ့ ဒုတိယဇနီးတွေကို ကွာရှင်းခဲ့ပါတယ်။ ဒီလိုနဲ့ ၂ ယောက်ကွာ၊ ၂ ယောက် ထပ်ယူလိုက်တာ အသက် ၆၅ နှစ်အရွယ်မှာတော့ မိ

န်းမ ၅၃ ယောက်အထိ ယူပြီးခဲ့တာပါ။ သူ့ဇနီးတွေထဲမှာ အိမ်ထောင်သက် အတိုဆုံးကတော့ တစ်ညပဲ ပေါင်းသင်းပြီး ကွာရှင်းခဲ့သူပါ။ အဗ္ဗဒူလာက သူ့ဇ နီးအားလုံးကို ထုံးတမ်း စဉ်လာအတိုင်း လက်ထပ်

ယူခဲ့တာလို့ ဆိုပါတယ်။ သူ့ဇနီးတွေ ထဲမှာ အများစုက ဆော်ဒီနိုင်ငံသူ တွေဖြစ်ပေမဲ့ အလုပ်ကိစ္စကြောင့် လနဲ့ချီ ခရီးထွက်ချိန်မှာ နိုင်ငံခြားသူ တစ်ယောက်ကိုလည်း အဗ္ဗဒူလာက ယူခဲ့ဖူးပါတယ်။ ဇနီး ၅၃ ယော

က် ယူပြီးခဲ့ပေမဲ့ ပျော်ရွှင်တဲ့ဘဝ မရသေးဘူးဆိုတဲ့ အဗ္ဗဒူလာက နောက်ထပ် အိမ်ထောင်ပြု ဖို့ကိုတော့ လောလောဆယ် အစီအစဉ် မရှိသေးဘူးလို့ ဆိုပါတ ယ်။ ဒီအကြောင်းက လူမှုကွန်ရက်မှာ လူပြောများခဲ့

ပြီး တချို့သူတွေကတော့ ရာစုနှစ်ရဲ့အိမ်ထောင်ဆက်အများဆုံးအမျိုးသားလို့ မှတ်ချက်ပေးထားကြပါတယ်။ Ref: Man Who Married 53 Women in 43 Years “Was Looking for Stability”

(Visited 120 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*