ကျောက်ပန်းတောင်း – မိတ္ထီလာ ကားလမ်းပေါ်မှ ယာဉ်တိုက်မှုကြောင့် ၁၃ ဦးဆုံပါးသွားသည့် နေရာတွင်

ကျောက်ပန်းတောင်း – မိတ္ထီလာ ကားလမ်းပေါ်မှ ယာဉ်တိုက်မှုကြောင့် ၁၃ ဦးဆုံပါးသွားသည့် နေရာတွင် အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်း မြို့နယ်၊ ဇီးဖြူကုန်း ကျေးရွာရှိ ကျောက်ပန်းတောင်း – မိတ္ထီလာသွား ကားလမ်း၏ မိုင်တိုင် အမှတ် ၄၅/၁ တွင် စက် တင်ဘာ ၁၆ ရက်နေ့လည် ၃ နာရီခွဲက အန္တရာယ် က င်း ပရိတ်တရားတော်နာယူခြင်း၊ကမ္မဝါစာရွတ် ဖတ်

ခြင်းနှင့် ကားတိုက် မှုကြောင့် သေဆုံးသွားသူ များအတွက် အမျှပေးဝေခြင်း များပြုလုပ် ခဲ့ကြသည်။ ကျောက်ပန်းတောင်း မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ ၏ စီစဉ်မှုဖြင့် အများပြည်သူများ၊ ဖြတ်သန်းသွား လာနေသည့် ကားများ ဘေးအန္တရာယ် ကင်းရှင်းစေ

ရန်နှင့် ကားတိုက်မှုကြောင့် သေဆုံးသွားသူ များအ တွက် ရည်မှန်း၍ ပြုလုပ် ခဲ့ကြ ခြင်းဖြစ် သည်။ ထို သို့ ပြုလုပ်ခြင်းအား မြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တသုမဏဓဇ အမှူးပြုသည့် သံဃာ တော် ၇ ပါးက ကြွရောက်၍ ရွတ်ဖတ် သရဇ္ဈာယ်

ပေးတော်မူကာ အမျှအတန်းများ ပေးဝေခဲ့ကြသည်။ အလားတူ ပရိတ်ရေ၊ ပရိတ်သဲနှင့် ပရိတ်ခဲများအား တာဝန်ရှိသူများနှင့် ဒေသခံများက လမ်းတစ် လျှောက် ကြဲပက်ခဲ့ ကြကြောင်း သိရသည်။ကျောက်ပန်းတောင်း-မိတ္ထီလာလာသွားကားလမ်း၏

မိုက်တိုင်အမှတ် ၄၅/၁ တွင် စက်တင်ဘာ ၁၄ ရက်ည ၈ နာရီ ၁၅ မိနစ်ခန့်က ခရီးသည်တင်ကား ၂ စီးနှင့်ရပ်ထားသည့် DYNA ကားတစ်စီးတို့ တိုက်မိမှုကြောင့် ခရီးသည်တင် ကားမောင်းသူ ၂ ဦးအပါအ ဝင် ၁၃ ဦးသေဆုံးခဲ့ကာ ထိခိုက် ဒဏ်ရာရရှိသူအ များအပြား ရှိခဲ့ကြောင်း သိရသည်။

(Visited 1,857 times, 4 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*