ရေဦး ခရိုင်ရဲတပ်ဖွဲ့မှူး ယာယီ ဒုတိယ ရဲမှူးကြီး တစ်ဦး သူ့ကိုယ်သူ အဆုံးစီရင် သွား

ရေဦး ခရိုင်ရဲတပ်ဖွဲ့မှူး ယာယီ ဒုတိယ ရဲမှူးကြီး တစ်ဦး သူ့ကိုယ်သူ အဆုံးစီရင် သွား

စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင် ၊ ရေဦးမြို့မှာ ခရိုင်ရဲ တ ပ်ဖွဲ့မှူး တာဝန် ထမ်းဆောင်နေတဲ့ ယာယီ ဒုရဲမှူးကြီးဟာ မနေ့ စက်တင်ဘာ ၁၅ ရက် ညနေပိုင်းက သူ့ကို ယ်သူ သတ်သေ သွားတယ်လို့ ရေဦးမြို့ခံ တွေဆီက သိရပါတယ်။ ” ခရိုင်ရဲမှူးက သူ့ကိုယ်သူ သေနတ်နဲ့

ပစ်သတ်ပြီး သေသွားတာပါ ၊ ဒီမနက် ရဲတွေ အလုပ် များ နေတာကို မြင်ရတယ် “လို့ ရေဦးမြို့ခံ တယော က်က ပြောပါတယ်။ အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့ အသိုင်းအဝိုင်းက “မနေ့က ညနေပိုင်း ၆ နာရီဝန်းကျင်မှာဖြစ်တာပါ ၊ သူ့နေအိမ်

ထဲ အပေါက် ပိတ်ပြီး သူ့ကိုင်နေကြ 32 သေနတ် နဲ့ သူ့ကိုယ်သူ ပစ်သတ် သွားတာပါ ၊ ရဲ အပတ်စဥ် ရမ်ဂါ ၁၆ က ယာယီ ဒုတိယရဲမှူးကြီး ဝင်းနိုင် ဖြစ်တယ် “လို့ ပြောပါတယ်။ ရေဦး ရဲတွေနဲ့ နီးစပ်သူ တယော က်ကလည်း” ရေဦးခရိုင်ဆိုတာ အရင် ရွှေဘိုခရိုင်

ထဲကနေ ဒီနှစ်ထဲမှာ နောက်တိုး ခွဲထွက်တဲ့ ခရိုင်သစ်တခုဖြစ်တယ် ၊ စစ်ကိုင်းတိုင်းမှာ အဖြစ်များ နေတဲ့ ခရိုင် တွေထဲမှာ ရေဦး ခရိုင်လည်း ပါတယ် ပြီးခဲ့တဲ့ လတုန်းကလည်း တန့်ဆည်မြို့ဝင် ဂိတ်နားမှာ ရဲတွေအပစ်ခံရပြီး ၅ ယောက် သေတယ် ၊ လက်နက်တွေ

ပါသွားတယ် ၊ ဒေသက မတည်မငြိမ် ဆိုတော့ စိတ်ဖိစီးမှု များပြီး သူ့ကိုယ်သူ သတ်​သေ သွားတာ ဖြစ်နိုင်တယ် “လို့ ပြောပါတယ်။ စစ်ကိုင်းတိုင်းမှာ ခရိုင် ၁၁ ခု ၊ မြို့နယ် ၃၄ မြို့နယ်နဲ့ ဖွဲ့စည်း ထားပြီး ခရိုင်ရဲ တပ်ဖွဲ့မှူး နဲ့ မြို့နယ် ရဲတပ်ဖွဲ့မှူး အများအပြား ရှိတဲ့

အနက် ခရိုင်ရဲတပ်ဖွဲ့မှူး တယောက်အနေနဲ့ သူ့ကိုယ်သူ သတ်သေတဲ့ ဖြစ်စဥ်ဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။

(Visited 212 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*