ပြည်ပရောက် အလုပ်သမားများ၏ လုပ်ခ/ လစာ များကို KBZ ဘဏ်က (၁) ဒေါ်လာ (၃၀၀၀) ကျပ်နှုန်းဖြင့် ငွေပမာဏ ကန့်သတ် ချက်မရှိ လဲပေးနေဟုဆို

ပြည်ပရောက် အလုပ်သမားများ၏ လုပ်ခ/ လစာ များကို KBZ ဘဏ်က (၁) ဒေါ်လာ (၃၀၀၀) ကျပ်နှုန်းဖြင့် ငွေပမာဏ ကန့်သတ် ချက်မရှိ လဲပေးနေဟုဆို

ကမ္ဘောဇဘဏ် (KBZ) အနေဖြင့် ပြည်ပရောက် အ လုပ်သမားများ၏ လုပ်အားခ လစာ ငွေများကို (၁) ဒေါ်လာလျင် မြန်မာကျပ်ငွေ (၃၀၀၀) နှုန်းဖြင့် လက် ခံ လဲလည် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။အဆိုပါ အဆိုပါ သတင်းနှင့် ပတ်သက်၍ ပြည်ပငွေ

လွှဲလုပ်ငန်း လုပ်ကိုင်တဲ့ Hana Bank Myanmar က အတည်ပြု ပြီးဖြစ်ကြောင်း ၎င်းတို့၏ လူမှုကွန်ရ က်စာမျက် နှာတွင် ရေးသားထားသည်။ ” ထပ်မံ အ တည်ပြု ပြီးဖြစ်ပါတယ်။ လွှဲထားသူ များကလည်အ တည်ပြုပြီး ဖြစ်ပါတယ်။ စာရွက်စာတမ်း ထပ်တော

င်းတာမျိုး မရှိ၊ တုံကင် ယူစရာမလို၊ ငွေပမာဏ က န့်သတ် ချက် မရှိ ထုတ်ယူ နိုင်ပါတယ်။ အဆင်မပြေတာ ရှိရင် KBZ နဲ့ တိုက်ရိုက် ချိတ်ဆက် ဆက်သွယ်ပေးတာမို့ တာ ဝန်ခံကို ဆက်သွယ် မေးမြန်းနိုင်ပါတ ယ်” ဟု Hana Bank Myan mar Page က ကြေ

ညာထားသည်။ ငွေလွှဲ ရည်ရွယ်ချက်တွင် လစာဟု ရွေးချယ်ကာ စာရင်းသွင်း ထားပါက အသေးစိတ် အ ချက်အလက်ထဲတွင် SALARY သို့မဟုတ် ကုဒ်နံပါတ် “5200” ဟု ပေါ်နေမည် ဖြစ်ပြီး ယင်းသို့ ပေါ်နေမှသာ (၁) ဒေါ်လာ (၃၀၀၀) ကျပ်နှုန်း ဖြင့် ရရှိဖြ

စ်ကြောင်းလည်း ၎င်းတို့က ဆိုသည်။ ငွေလွှဲရည် ရွ ယ်ချက်တွင် အခြား အကြောင်းရာ ရေးသွင်းထားပါက အဆိုပါနှုန်းထားဖြင့် ရရှိမည် မဟုတ်ကြောင်းလ ည်း သိရသည်။ အကယ်၍ ငွေလွှဲရည်ရွယ်ချက်တွင် အခြားအကြောင်း အရာ ဖြည့်သွင်းထားမိပါက ပယ်

ဖျက်ပြီး အသစ်ပြန် လည်စာရင်း သွင်းပြီးမှ ငွေလွှဲပြုလုပ်ပေးမည်ဆိုပါက အထက်ပါနှုန်းထားဖြင့် ရရှိမည်ဟုလည်း ဆိုသည်။ ပြီးခဲ့သည့် ရက်ပိုင်း အတွ င်းကလဲ နိုင်ငံခြားငွေနှင့် ရရှိသည့် မြန်မာ သင်္ဘော သားများ၏ လစာငွေများကို အမြင့်ဆုံးနှုန်းထားဖြ

င့် ဝယ်ယူပေးကြရန် ပြည်တွင်း ဘဏ်များကို ဗဟိုဘဏ်က ညွှန်ကြာ းထားကြောင်း AYA ဘဏ်၏ ပြောကြားချက်ကို ကိုးကားကာ ပင်လယ်ကူး သင်္ဘေ ာသား အလုပ်သမားများအဖွဲ့ချုပ် (MSF) က ထု တ် ပြန်ခဲ့သည်။ ပြည်ပနိုင်ငံရောက် မြန်မာနိုင်ငံသား

များ၏ လစာငွေလွှဲပေးပို့မှု အနေဖြင့် (၈)နှစ်ကျော် ကာလအတွင်း အမေရိကန်ဒေါ်လာ ၆၁၅၂.၀၄၄ သ န်းရှိခဲ့ကြောင်း နစက အလုပ်သမား ဝန်ကြီးဌာန ပြ ည်ထောင်စု ဝန်ကြီး ဒေါက်တာ ပွင့်ဆန်းက ပြောကြားထားသည်။

(Visited 41 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*