ကမာကြည် တံတားမှ ခုန်ချခဲ့သည့် အမျိုးသား၏ ရုပ်အလောင်းအား ပြန်လည်တွေ့ရှိ

ကမာကြည် တံတားမှ ခုန်ချခဲ့သည့် အမျိုးသား၏ ရုပ်အလောင်းအား ပြန်လည်တွေ့ရှိ

ကမာကြည် တံတားမှ ခုန်ချခဲ့သည့် အမျိုးသား၏ ရုပ်အလောင်းအား ပြန်လည် တွေ့ရှိကြောင်း ပေး ဆပ်သူတို့ နှလုံးသား ပရဟိတ အသင်းထံမှ သိရသ ည်။ ကျွန်တော် တို့ဆီကို ဖုန်းသတင်း ဝင်လာတာ

တော့ ညနေ ၃ နာရီခွဲ ကျော်ကျော် လောက်မှာပေါ့။ အဲ့ဒါနဲ့ သွားသယ် ကြတယ်။ ၄ နာရီ ခွဲလောက်မှာ အလောင်း တွေ့တဲ့ နေရာကနေ ပြန်သယ် လာပြီး ဆေးရုံကြီးကို ပို့လိုက် ပါတယ် ဟု ပေးဆပ်သူတို့

နှလုံးသား ပရဟိတအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ အမျိုးသား၏ ရုပ်အလောင်း အား စက်တင်ဘာ လ ၁၅ ရက် ညနေ ၃ နာရီခွဲ ကျော်တွင် သာကေတ မြို့နယ် တံတားဟောင်း အနီးက ငမိုးရိပ်

ချောင်းနံဘေးတွင် ပြန်လည် တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး အခင်းဖြစ်ပြီး တစ်ရက် အကြာတွင် ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ် သည်။ စက်တင်ဘာ ၁၄ ရက်နံနက် ၁၀ နာရီကျော်ခန့်က သာကေတ မြို့

နယ်နှင့် သုဝဏကို ဆက်သွယ်ထား သည့် ကမာကြ ည် တံတားပေါ်မှ အမျိုးသား တစ်ဦး ခုန်ချသွားခြင်းဖြစ်သည်။ တံတားပေါ်တွင် စက်ဘီးတစ်စီး၊ အမျိုး သားစီးဖိနပ်တရံ၊ ဆေးလိပ်ဘူး၊ မီးခြစ်နှင့် ဦးထုပ်

တစ်လုံးကို တွေ့ရှိခဲ့ပြီး မည်သူမည်ဝါ ဖြစ်သည်ကို စုံစမ်းလျက်ရှိကြောင်း သိရသည်။

(Visited 515 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*