ယူကရိန်းက ကျုး‌ကျော် လာသော်လည်း စစ်အင် အား ကိုစုစည်းရန် အစီစဉ် မရှိဟု ရုရှားပြော

ယူကရိန်းက ကျုး‌ကျော် လာသော်လည်း စစ်အင် အား ကိုစုစည်းရန် အစီစဉ် မရှိဟု ရုရှားပြော

(လန်ဒန်၊ စက်တင်ဘာ ၁၃) ရုရှားနိုင်ငံသည် ခုနစ်လ နီးပါးတာ စစ်ပွဲ ကာလအတွင်း အဆိုးရွားဆုံး ရှုံးနိမ့်မှု တစ်ခုနှင့် ရင်ဆိုင်ခဲ့ရ ပြီးနောက် ယူကရိန်းတွင် ၎ င်း၏ တပ်ဖွဲ့များ အားကောင်း လာစေရန် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စစ်အင်အား စုစည်းခြင်းပို

ဆွေးနွေးမှုမျိုး ပြုလုပ်ရန်မရှိဟု ခရင်မလင်က စက် တင်ဘာလ ၁၃ ရက် အင်္ဂါနေ့က ပြောကြား ခဲ့သည်။ “လောလော ဆယ်တော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆွေး နွေးတာ မရှိသေးပါဘူး” ဟု ခရင်မလင် ပြောရေး ဆိုခွင့်ရှိသူ Dmitry Peskov က ယူကရိန်း အရှေ့

မြောက်ဘက်ရှိ ခါကိဗ်ဒေသ အားလုံး နီးပါးမှ ၎င်း ၏ တပ်များ ဆုတ်ခွာခဲ့ ရစဉ်က မေးမြန်းမှုအားပြန် လည် ဖြေကြားခဲ့သည်။ အာဏာရ United Russia ပါတီမှ Duma အမတ် တစ်ဦးဖြစ်သူ Mikhail Sheremet ကမူ တနင်္လာနေ့က “အောင်ပွဲအတွက်

တပ်များကို အပြည့်အ၀ စုစည်းခြင်း” လိုအပ်သည်ဟု ပြောဆိုခဲ့သည်။ အင်္ဂါနေ့တွင် ကွန်မြူနစ် ပါတီခေါင်းဆောင် Gennady Zyuganov က ပါတီ၀ က်ဘ်ဆိုဒ်၏ ကြေငြာချက်တစ်ခု၌ “အမေရိက၊ ဥရောပနှင့် နေတိုး” တို့နှင့် ယှဉ်ပြိုင် နေရသည့် စစ်ပွဲ

အား အနိုင်ရရန် အတွက် ကျွန်ုပ်တို့၏ အင်အားနှင့် အရင်းအမြစ် များကို အမြင့်ဆုံး စုစည်းရန် လိုအပ်သည်ဟု ပြောကြားခဲ့သည်။ ရုရှားသည် ယူကရိန်းသို့ ဝင်ရောက်မှုအား အထူးစစ်ရေးစစ်ဆင်မှုဟုသာခေါ်ဆိုပြီး စစ် သို့မဟုတ် ကျူးကျော်မှု ဟုသုံးနှုန်း

သူများအား ယခုနှစ် အစောပိုင်းက ပြဌာန်း ခဲ့သော ဥပဒေအရ ရုရှား လက်နက်ကိုင် တပ်ဖွဲ့အား သိက္ခာ ချ၊ သတင်းမှား ဖြန့်ဝေမှုဖြင့် အရေးယူမှု များပြုလု ပ်ခဲ့သည်။ စစ်အင်အား စုစည်းရေးကို တောင်းဆိုနေသော အမျိုးသားရေးဝါဒီ ဝေဖန် သုံးသပ်သူများ

နှင့်ပတ်သက်၍ မေးမြန်းရာတွင် Peskov က ၎င်းသည် “ဗဟုဝါဒ”၏ ဥပမာ တစ်ခုဖြစ်ပြီး ရုရှားပြည် သူလူထု တစ်ရပ်လုံးကမူ သမ္မတဗလာဒီမာပူတင် ကိုသာ ဆက်လက် ထောက်ခံကြောင်း ပြောကြားခဲ့သည်။ “ရုရှားပြည်သူတွေက သမ္မတကိုထောက်ခံပါ

တယ်။နိုင်ငံတော် အကြီးအကဲရဲ့ ဆုံးဖြတ်ချက်တွေကို ပြည်သူအားလုံးက လက်ခံကြပါတယ်” ဟု ၎င်းကဆိုသည်။ “ကျန်တဲ့ ဝေဖန်နေသူ တွေအတွက် က တော့ ဘောင်မကျော် လာသရွေ့ ဗဟုဝါဒအရ လက် ခံထားပေးလို့ရပါတယ်။ ဒါပေမဲ့လက်ခံနိုင်တဲ့ နယ်နိ

မိတ်ကတော့ကျဉ်းနေပြီမို့ သတိထားပါလို့ ပဲပြောချင်ပါတယ်” ဟု၎င်းကဆိုခဲ့သည်။ ပူတင်သည် လွန်ခဲ့သည့်ငါးနှစ်အတွင်း စစ်မှုထမ်းခဲ့သည့် အမျိုးသား ၂ သန်းခန့်ရှိသည့် ရုရှား၏အရန်စစ်အင်အားများကို စုစည်းရန် ယခုအချိန်အထိ အကောင်အ ထည်

ဖော် ကြိုးပမ်းခြင်းမရှိသေးပေ။ ပြီးခဲ့သည့်သီတ င်းပတ်က ယူကရိန်း၏ တန်ပြန်ထိုးစစ်အပြီးတွင် ပြန်လည်စုဖွဲ့ခြင်းကြောင့် ခါကိဗ်ဒေသကိုစွန့်လွှတ်လိုက်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက စနေနေ့တွင်ပြောကြားပြီးနောက် စုစည်းရေးကို

ထောက်ခံသော စစ်ဘက်ဝေဖန်သုံးသပ်သူများက ဒေါသနှင့်တုံ့ပြန်ခဲ့ကြသည်။ တနိုင်ငံလုံးအတိုင်း အ တာဖြင့်စု စည်းခြင်းသာ အခြေအနေကိုပြုပြင်နိုင်မည်ဟု လပေါင်းများစွာကတည်းက ၎င်းတို့ကအ ကြံပြုခဲ့ကြသည်။ ၂၀၁၄ ခုနှစ်က ယူကရိန်းအရှေ့

ပိုင်းတွင် ခွဲထွက်ရေးပုန်ကန်မှုကို ဦးဆောင်ခဲ့သည့် ရုရှားလုံခြုံရေးအရာရှိဟောင်း Igor Girkin က တပ်များကိုစုစည်းခြင်းသည်သာလျှင် ယူကရိန်း၌ ရုရှား၏နောက်ဆုံးအခွင့်အရေးဖြစ်ကြောင်း စက်တင်ဘာ ၂ ရက် ယူကရိန်း၏ တန်ပြန်ထိုးစစ်မစတင်မီက တယ်လီဂရမ်တွင်ရေးသားခဲ့သည်။ Source -Reuters/vc

(Visited 79 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*