ကျောက်ပန်းတောင်း မိထ္တီလာလမ်းတွင် ခရီးသည်တင်ယာဉ် ၂ စီးနှင့် Dyna တစ်စီးတိုက်မိ ၁၂ ဦးသေ ၁၇ ဦး ဒဏ်ရာရ

ကျောက်ပန်းတောင်း မိထ္တီလာလမ်းတွင် ခရီးသည်တင်ယာဉ် ၂ စီးနှင့် Dyna တစ်စီးတိုက်မိ ၁၂ ဦးသေ ၁၇ ဦး ဒဏ်ရာရ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ မိတ္ထီလာ- ကျောက်ပန်းတောင်းကားလမ်းတွင် စက်တင်ဘာလ ၁၄ ရက် ညပိုင်းတွ င် ခရီးသည်တင်ယာဉ် ၂ စီးနှင့် Dyna တစ်စီးတိုက်မိခဲ့ပြီး(၁၂) ဦးသေဆုံးကာ (၁၇) ဦး ဒဏ်ရာရရှိခဲ့

ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။၁၄ ရက်နေ့ည ၈ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် မိတ္ထီလာ- ကျောက်ပန်းတောင်း ကားလမ်း လက်ပံပြား- ဇီးဖြူကုန်းရွာကြား၊ မိုင်တိုင်အမှတ် ၄၅/၁ တွင် သန် မြန်သူ၊ ပုဂံမင်းသာ ခရီးသည်တင် ယာဉ် (၂) စီးနှင့်

Dyna (လမ်းဘေး ရပ်ထားသော) ယာဉ် (၁) စီးတို့ တိုက်မိမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်စခန်းမှ ရှာဖွေ ကယ်ဆယ်ရေး ယာဉ် (၁) စီး၊ ညောင်ဦးခရိုင် မီးသတ် စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ လက်ပံပြား နယ်မြေမီးသတ်

စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီးတို့ဖြင့် ကယ်ဆ ယ်ရေ းလုပ်ငန်းများ သွားရောက် ဆောင်ရွက်ခဲ့ရသည်။ အဆိုပါ ယာဉ်တိုက်မှု ဖြစ်စဥ်ကြောင့် ကျား (၁၂) ဦး၊ မ (၃) ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)၊ ကျာ း(၂)ဦး ထိခိုက်ဒဏ်ရာ (စိုးရိမ်ရ) စုစုပေါင်း (၁၇)

ဦး နှင့် ကျား(၉)ဦး၊ မ(၃)ဦး (သေဆုံး) စုစုပေါင်း (၁၂) တို့အား မေတ္တာမွန်၊ ဆွေသဟာ၊ သုဂတိရှင်နှင့် မုဒိတာ လူမှုကူညီရေးအသင်းများမှ သူနာတင်ယာဉ်များဖြင့် ကျောက်ပန်းတောင်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

(Visited 614 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*