ထိုင်းနိုင်ငံ ပထုန်ဌာနီ ခရိုင်ရှိ အီလက်ထရောနစ် စ က်ရုံတွင် မြန်မာ အလုပ်သမား ၃၀၀ ဦးခန့်အလုပ် ထုတ်ခံရ

ထိုင်းနိုင်ငံ ပထုန်ဌာနီ ခရိုင်ရှိ အီလက်ထရောနစ် စ က်ရုံတွင် မြန်မာ အလုပ်သမား ၃၀၀ ဦးခန့်အလုပ် ထုတ်ခံရ

ထိုင်းနိုင်ငံ၊ ပထုန်ဌာနီခရိုင်၊ နဝနခွန် နယ်​မြေရှိ အီလက်ထ​ရောနစ် စက်ရုံတွင် အလုပ် လုပ်ကိုင်နေသည့် မြန်မာ အလုပ်သမား ၃၀၀ ဦးခန့်သည် စက်တင် ဘာ ၁၃ ရက်က အလုပ်ထုတ် ခံခဲ့ရကြောင်း AAC မဟာမိတ် အဖွဲ့မှ သိရသည်။ ထိုကဲ့သို့ အလုပ်ထုတ်

ခြင်းအား စက်ရုံပိုင်ရှင်မှ အလုပ် သမား များအား အကြောင်းကြားခြင်း မရှိဘဲ ထုတ်ပယ်ခဲ့ခြင်း ဖြစ်ကာ အလုပ်ထုတ် ခံခဲ့ရာ၌ ထိုင်းနိုင်ငံသား အလုပ် သမား များလည်း ပါဝင်ပြီး အလုပ်မရှိ တော့သဖြင့် အလုပ်သမား များအား ထုတ်ပယ်ခဲ့ခြင်း ဖြစ်ကြော

င်း သိရသည်။ ထို့ကြောင့် မြန်မာ အလုပ်သမားများမှ အကြောင်း ကြားခြင်း မရှိဘဲ အလုပ် ထုတ်ခံရသ ည်ကို ကျေ နပ်ခြင်းမရှိသဖြင့် စက်ရုံအတွင်း၌ ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်ခဲ့ ကြပြီးနောက် မြန်မာအလု ပ်သမားများ၏ အရေးကိစ္စ များအား ကူညီဆောင်

ရွက်ပေးနေသည့် AAC မဟာမိတ် အဖွဲ့ထံသို့ ဆက်သွယ် အကူအညီ တောင်းခံခဲ့ ကြကြောင်း သိရသ ည်။ ထိုသို့ အကူအညီ တောင်းခံမှုကြောင့် AAC မ ဟာ မိတ်အဖွဲ့မှ အလုပ်ထုတ် ခံရသည့် မြန်မာအလုပ် သမား များအတွက် နစ်နာ​ကြေး ပြည့်ဝစွာရရှိ​ရေး၊

အလုပ်​ ပြောင်း​ရွေ့ခွင့် စာရွက် စာတမ်းများ၊ ပတ်စပို့စ်​ နေထိုင်ခွင့် သက်တမ်း တိုးထားခြင်း များအား ညှိနှိုင်း ဆွေးနွေးလျက် ရှိကြောင်း သိရသည်။ ထို့ပြ င် စက်ရုံပိုင်ရှင် မှလည်း ထိုင်း ရဲတပ်ဖွဲ့ဝင်များ နှင့် ထိုင်း လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာနမှ တာဝန်ရှိ

သူများအား စက်ရုံသို့ ခေါ်ဆောင် ထားသည်ကို တွေ့ရှိရသည်ဟု သိရသည်။ ထိုသို့ အကြောင်း ကြားခြ င်း မရှိဘဲ အလုပ် ထုတ်ခံရသည့် ဖြစ်စဥ်သည် စက် တင်ဘာ ၈ ရက်ကလည်း အုန်းရိုင်ရှိ အထည်ချုပ် စ က်ရုံ တစ်ခုတွင် ဖြစ်ပွားခဲ့ပြီး မြန်မာ အလုပ်သမား

၂၀၀ ကျော်အ လုပ်ထုတ်ခံရသဖြင့် စက်ရုံပိုင်ရှင်အား မြန်မာအ လုပ်သမားများက တရားစွဲဆိုထားကြောင်း သိရသည်။ Photo-AAC မဟာမိတ်

(Visited 116 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*