အဲလစ်ဇဘတ် ဘုရင်မကြီး မသေဆုံးခင် ပေးပို့ခဲ့တဲ့ နောက်ဆုံးစာတွေထဲက တစ်စောင်ကို လက်ခံရရှိခဲ့တဲ့ ကလေးမလေး

အဲလစ်ဇဘတ် ဘုရင်မကြီး မသေဆုံးခင် ပေးပို့ခဲ့တဲ့ နောက်ဆုံးစာတွေထဲက တစ်စောင်ကို လက်ခံရရှိခဲ့တဲ့ ကလေးမလေး

ဩစတြေးလျနိုင်ငံ၊ ဝိတိုရိယ ပြည်နယ်က (၈) နှစ်သမီးလေးဟာ အဲလစ်ဇဘတ် ဘုရင်မကြီး မကွယ် လွန်မီ သူ့ဆီ စာတစ်စောင် ရေးခဲ့ဖူးပါတယ်။ အဲဒီစာနဲ့အတူ အွန်လိုင်း ဖန်စီဝတ်စုံ ပြိုင်ပွဲတစ်ခု အတွက် တော်ဝင်ဝ တ်စုံစတိုင် ဝတ်ဆင်ပြီး မြင်းပုလေးပေါ်

တက်စီးထားတဲ့ သူ့ရဲ့ပုံတွေကို ပေးပို့ခဲ့တာပါ။ အဲဒီကလေးမလေးက အိုလီဗီယာ အဲကာ ဆိုသူ ဖြစ်ပြီး ဇွန်လက အဲဒီစာကို ပေးပို့ခဲ့တာပါ။ အိုလီဗီယာက Paddington Bear ဇာတ်ကောင်နဲ့အတူ တွေ့ရတဲ့ ဘုရင်မကြီးရဲ့ ဗီဒီယို (ပလက်တီနမ် ရတုအတွက်

အထူးသီးသန့် ဗီဒီယို) ကို ကြိုက်တယ်။ ဘုရင်မကြီးက လိမ္မော်ယို ဆန်းဝှစ်ကို တကယ် စားတာလားလို့ စာထဲမှာ ရေးထားပါတယ်။ စာပေးပို့ ပြီးသွားတော့ ဘုရင်မကြီးဆီက ပြန်စာရမှာလားလို့ပဲ သူ့အမေကို မေးနေခဲ့တာပါ။ စက်တင်ဘာ ၉ ရက်နေ့မှာ အိုလီဗီ

ယာရဲ့ မိသားစုက အိပ်ရာ နိုးလာတော့ ဘုရင်မကြီး ကွယ်လွန် သွားပြီဆိုတဲ့ သတင်းကို ကြားသိ ခဲ့ရပါတယ်။ ဘုရင်မကြီး ဆီက ပြန်စာကို ဘယ်တော့မှ မရနိုင် တော့ဘူးလို့ သူတို့ ထင်ခဲ့ကြတာပါ။ ဒါပေမဲ့ အိုလီဗီယာလေးက ဘုရင်မကြီးရဲ့ ပြန်စာကို အဲဒီနေ့

မှာပဲ လက်ခံရရှိ ခဲ့ပါတယ်။ Tallygaroopna စာတို က်က အမျိုးသမီး တစ်ဦးက ” မင်းတို့ ဒီနေ့ အရမ်းထူးခြားတဲ့ စာတစ်စောင် ရရှိထားတယ်” လို့ အိုလီဗီယာတို့ မိသားစုကို ပြောလာခဲ့ပါတယ်။ ဒီစာကို ဘုရ င်မကြီးရဲ့ ကိုယ်စား ရံရွေတော် အန်နာဘယ် ဝိုက်ဟ

တ်က လက်မှတ်ရေးထိုး ပေးပို့ပေးခဲ့တာပါ။ ဘုရင် မကြီးက စာပေးပို့ခဲ့တဲ့ အတွက် ကျေးဇူးတင်ကြော င်း၊ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲအတွက် ရွေးချယ်ခဲ့တဲ့ ဝတ်စုံနဲ့ မြင်းပုလေး စီးထားတဲ့ ပုံတွေကို စိတ် ဝင်စားကြောင်း၊ မြင်းစီးရတာကို အရမ်းပျော်နေ

တာမြင်ရတဲ့အတွက် ဘုရင်မကြီး ဝမ်းသာပီတီဖြစ်ရကြောင်း၊ ဘုရင်မကြီးဆီ စာရေးပေးခဲ့တဲ့ အတွက် ထပ်ပြီး ကျေးဇူးတင်ကြောင်း စာထဲမှာ ရေးသားထားပါတယ်။ ဒီစာကို ဩဂုတ်လ ၂၅ ရက်နေ့ ရက်စွဲနဲ့ ပေးပို့ခဲ့တာပါ။ အိုလီဗီယာတို့ မိသားစုလည်း ဒီစာ

ကို အခုလို အချိန်မှာ ရောက်ရှိလာ ခဲ့တဲ့အတွက် မျ က်ရည် ကျခဲ့ရပါတယ်။ ဒါက ဘုရင်မကြီး ရေးခဲ့တဲ့ နောက်ဆုံး စာတွေထဲက တစ်စောင် ဖြစ်ရမယ်လို့ သူတို့ မှတ်ယူခဲ့ပါတယ်။ စာရောက်လာတဲ့ အချိန်မှာ အိုလီဗီယာလေးက ကျောင်းမှာ ရှိနေခဲ့တာကြောင့်

အမြန် သွားပေးခဲ့ပါတယ်။ သူ့ရဲ့ အတန်းဖော် တွေအားလုံး ကလည်း ဘုရင်မကြီးရဲ့ စာကို ကြည့်ခွင့်ရခဲ့ပါတယ်။ အိုလီဗီယာက ဒီစာကို သူ့ရဲ့ဘဝတလျှော က်လုံး တန်ဖိုးထားသွားမှာ သေချာပါတယ်လို့ သူ့ရဲ့အမေ နာတာလီ အဲကာက ဆိုပါတယ်။ Ref: ABCNet & Ladbible

(Visited 90 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*