အိန္ဒိယနိုင်ငံ ဆီကွန်ဒရာဘတ်မြို့ရှိ လျှပ်စစ်စကူတာပြခန်း မီးလောင်ရာမှ လူ ၈ ဦး သေဆုံး

အိန္ဒိယနိုင်ငံ ဆီကွန်ဒရာဘတ်မြို့ရှိ လျှပ်စစ်စကူတာပြခန်း မီးလောင်ရာမှ လူ ၈ ဦး သေဆုံ

မြို့တော်ဟိုက်ဒြာဘတ်နဲ့ အမွှာမြို့ဖြစ်တဲ့ ဆီကွန်ဒရာဘတ်ရှိ လျှပ်စစ်စကူတာအရောင်းပြခန်းတစ်ခုမှာ မီးလောင်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၈ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း စက်တင်ဘာ ၁၃ ရက် ရဲတပ်ဖွဲ့က ပြောကြားပါတယ်။

လျှပ်စစ်စကူတာ နှစ်ဒါဇင်လောက်ထားရှိရာ ဟိုတယ်အောက်ထပ်မှာ စက်တင်ဘာ ၁၂ ရက် ည ၉ နာရီခွဲမှာ မီးစတင်လောင်ကျွမ်းခဲ့တာ ဖြစ်ပြီး အကြောင်းရင်းကိုတော့ မသိရသေးဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒါဟာ အိန္ဒိယနိုင်ငံမှာ လျှပ်စစ်ကားတွေနဲ့ပတ်သက်ပြီး အသေအပျောက်အများဆုံး ဖြစ်ရပ်တခုလည်း ဖြစ်ပါတယ်။ မီးလောင်မှုကြောင့် အဆောက်အဦတစ်ခုလုံး မည်းမှောင်နေပြီး မီးခိုးတွေ ပျံ့နှံ့သွားကြောင်းနဲ့ တချို့လူတွေ ခုန်ထွက်ဖို့ ကြိုးပမ်းခဲ့ကြပြီး တချို့လည်း ချော်လဲကျကုန်ကြောင်း၊ ဒေသခံတွေနဲ့

ရဲတွေရဲ့အကူအညီနဲ့ တချို့လည်း လွတ်မြောက်ခဲ့ကြပြီး ဆေးရုံတွေမှာ ကယ်ဆယ်ထားတဲ့ သူတွေထဲက ၈ ဦးလောက် သေဆုံးသွားကြောင်း ဟိုက်ဒရာဘတ် မြောက်ဘက်ဇုန်က လက်ထောက် ရဲကော်မ ရှင်နာ ချန်ဒါနာ ဒေ့တီက ပြောပါတယ်။

“အခုတော့ မီးလောင်မှုကို ထိန်းချုပ်နိုင်ခဲ့ပြီး စုံစမ်းစစ်ဆေးမှု စတင်နေပါပြီ။ အစောပိုင်း စုံစမ်းစစ်ဆေးမှုတွေအရ အဓိကအကြောင်းရင်းတွေထဲမှာ ဘက်ထရီဆဲလ်တွေနဲ့ ဘက်ထရီ မော်ဂျူးလ်တွေ မှားယွင်းနေကြောင်း တွေ့ရှိခဲ့ပါတယ်။ ကုန်သည်ရဲ့ အထောက်အထားနဲ့ ရောင်းချနေတဲ့ ဒီစကူတာတွေရဲ့အမျိုးအစားတွေကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။”

ဝန်ကြီးချုပ် နာရန်ဒရာမိုဒီကတော့ သေဆုံးရသူတွေအတွက် စိတ်မကောင်းဖြစ်မိကြောင်း ပြောကြားပြီး မီးလောင်မှုကြောင့် ထိခိုက်သေဆုံးရသူတွေအတွက် လျော်ကြေးပေးမယ်လို့ ကတိပြုခဲ့ပါတယ်။

အခုနှစ်အတွင်း လျှပ်စစ်စကူတာ မီးလောင်မှုတွေကြောင့် လေထုညစ်ညမ်းမှုကို တိုက်ဖျက်ဖို့ စက်ဘီးစီးကြရေး နှိုးဆော်နေတဲ့ အစိုးရကို ထိတ်လန့်စေတယ်လို့လည်း ဆိုပါတယ်။

(Visited 23 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*