ပုပ္ပားတောင်ကလပ်၌ ကျင်းပသည့် နှစ် (၇၀) ပြည့် ဘိုးတော် အောင်မင်းခေါင် ထွက်ပွဲတွင်

ပုပ္ပားတောင်ကလပ်၌ ကျင်းပသည့် နှစ် (၇၀) ပြည့် ဘိုးတော် အောင်မင်းခေါင် ထွက်ပွဲအား လာရောက်သူများပြား

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်း မြို့နယ်၊ ပုပ္ပား တောင်ကလပ်၌ စက်တင်ဘာ ၁၁ ရက်က ကျင်းပခဲ့သည့် နှစ် (၇၀) ပြည့် ဘိုးတော် အောင်မင်းခေါင် ထွ က်ပွဲအား အနယ်နယ် အရပ်ရပ်မှ လာရောက်သူ အ

များအပြား ရှိကြောင်း သိရသည်။ ဘိုးတော် အောင်မင်းခေါင် ထွက်ပွဲအား နှစ်စဥ် ကျင်းပခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်(၁၉) ရောဂါကြောင့် ကျင်းပနိုင်ခြင်းမရှိခဲ့ဘဲ ၂၀၂၁ ခုနှစ်တွင်လည်း လူအနည်းငယ်

ဖြင့်သာ ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ၂၀၂၂ ခုနှစ်တွင် မြို့နယ် သံဃနာယက ဆရာတော်ကြီးများ၏ ဩဝါဒအား ခံယူ၍ မြို့ နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်ကာ ပုပ္ပားတောင်ကလပ် ဘုရား

ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ကြီးကြပ်မှု တို့ဖြင့် ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ “ကိုဗစ်ရောဂါကြောင့် ၂ နှစ်ရှိပြီ ဒီလိုအကြီးအကျယ် မလုပ်ဖြစ်တာက ဒီနှစ်မှ ပြန်လုပ်ဖြစ်တာ နေရာစုံ ဒေသစုံ

ကလူတွေ လာကြတယ် အဖွဲ့လိုက် လာကြတယ် မိ သားစုလိုက် လာကြတယ် ခန့်မှန်း ခြေ ပွဲတော်ကျင်း ပတဲ့ရက်တွေမှာ တစ်နေ့ကို လူဦးရေ ၅၀၀၀၀ လေ ာက်ရှိမယ် စျေးသည်တွေလည်း အများကြီးပဲ”ဟု

ဒေသခံ တစ်ဦးဖြစ်သည့် ဦးသောင်းညွှန့်ကပြောသ ည်။ ထိုသို့ လာရောက်၍ အဓိဌာန် ဝင်ခြင်း၊ စတုဒိ သာကျွေးခြင်း၊ အဘအောင်မင်းခေါင်ထံ ပွဲဆက်သခြင်း များပြုလုပ်ကာ တော်သလင်း လပြည့်နေ့နှင့်

လပြည့်ကျော် ၁ ရက်၂ ရက်တို့တွင် အိုးစည်ဗုံ မော င်းများ တီးခတ် လှည့်လည်ခြင်း နတ်ပွဲပေးခြင်း နှ င့် ပုပ္ပားတောင်ကလပ် ဝန်းကျင်ရှိ သံဃာတော်များ အား ဆွမ်းနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်

လှူဒါန်းခြင်းအား ပြုလုပ် ကြကြောင်း သိရသည် ။”တော်သလင် းလပြည့်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်မှာ ဘိုးတော် အောင်မင်းခေါင်ကို ယုံကြည်သူတွေက ဘိုးတော်ကို မြှုပ်နှံထားတဲ့ဂူရှေ့မှာ

“ဇိတံမေ အောင်ပြီ”ကို သုံးကြိမ် သံပြိုင် ရွတ်ကြတယ် အဲဒါဆိုရင် ဘိုးတော် အောင်မင်းခေါင် ထွက်ပွဲပြီး မြောက်သွားပါပြီ”ဟု ဦးသောင်းညွှန့် ကပြော သည်။

(Visited 823 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*