တောင်ဥက္ကလာပမြို့နယ်တွင် YBS 6 ခရီးသည်တင်ကားအား လူတစ်စုကရိုက်နှက်ဖျက်ဆီး၍ ၃ ဦးဒဏ်ရာရ

တောင်ဥက္ကလာပမြို့နယ်တွင် YBS 6 ခရီးသည်တင်ကားအား လူတစ်စုကရိုက်နှက်ဖျက်ဆီး၍ ၃ ဦးဒဏ်ရာရ

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပ မြို့နယ်ရှိ ညောင်ပင် မှတ်တိုင်တွင် YBS 6 ခရီးသည်တင် ကားအား စက် တင်ဘာ ၁၂ ရက် (ယနေ့) နေ့လည်ပိုင်းတွင် လူတစ် စု ကရိုက်နှက် ဖျက်ဆီးခဲ့ကြကြောင်း ရွှေမေတ္တာလူ မူကူညီရေး အသင်းမှ သိရသည်။ ယနေ့ နေ့လည်

၃ နာရီ ၄၀ မိနစ်ခန့်က အမည်မသိ အမျိုးသားများက ညောင်ပင် မှတ်တိုင်သို့ ဆိုက် ရောက် လာသည့် YBS 6 ခရီးသည်တင် ကားအား တုတ်များဖြင့် ဝိုင်း ဝန်း ရိုက်နှက် ဖျက်ဆီးခဲ့ကြခြင်း ဖြစ်သည်။ “သူတို့က ရိုက်ဖျက်နေတဲ့အချိန်ကားပေါ်မှာ ခရီး သည်တွေ

ပိတ်နေတယ် အဲဒီအချိန် သားအမိ နှစ်ယောက် ကားပေါ်က ခုန်ချလိုက်တော့ ကလေး အမေက မှန်ကွဲ စတွေနဲ့ ထိပြီး ခြေထောက် ထိသွားတယ်” ဟု ရွှေမေ တ္တာ လူမှုကူညီရေး အသင်းဝင် တစ်ဦးကပြောသည် ။ အလားတူ ကားအား ရိုက်နှက် ဖျက်ဆီး နေချိန်၌

မှန်ကွဲစများ ကား အတွင်းသို့ ကျရောက် ခဲ့သဖြင့် ကားပေါ်ရှိ အမျိုးသား ၂ ဦးတွင်လည်း မှန်ကွဲစများ ထိခိုက်မိခဲ့သည်ဟု သိရသည်။ “သူတို့က ကားကို ရိုက်ဖျက်ပြီးတော့ ထွက်သွားကြတာ မှန်ကွဲစထိသွားတဲ့ ၃ ယောက်လုံးကို အရေးပေါ် ကုသတာတွေ

လုပ်ပေးခဲ့ ပါတယ်”ဟု ရွှေမေတ္တာ လူမှုကူညီရေးအသင်းဝင် တစ်ဦးကပြော သည်။ အဆိုပါ YBS 6 သည် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ ၈၉ လမ်းဆုံမှ လှိုင်သာယာ မြို့နယ်ရှိ ဒဂုံဧရာ အဝေးပြေးဝင်းသို့ ပြေးဆွဲပေးနေသည့် ခရီးသည်တင်ကား ဖြစ်ကြော င်း သိရသည်။ Photo- ရွှေမေတ္တာလူမှုကူညီရေးအသင်း

(Visited 503 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*