အလုပ်ဖြုတ်ခံရသည့် မြန်မာ အလုပ်သမား ၂၉ ဦးလျော်ကြေးငွေ ဘတ် ၉ သိန်းကျော် ရရှိ

အလုပ်ဖြုတ်ခံရသည့် မြန်မာ အလုပ်သမား ၂၉ ဦးလျော်ကြေးငွေ ဘတ် ၉ သိန်းကျော် ရရှိ

ထိုင်းနိုင်ငံ၊ပထုန်ဌာနီမြို့ရှိ ရေသန့်ဗူး စက်ရုံတွင် အ လုပ် လုပ်ကိုင်နေသည့် မြန်မာ အလုပ်သမား ၂၉ ဦးအား စက်ရုံပိုင်ရှင်က အလုပ်သမား များ၏ တင်ပြချက်အား လက်မခံဘဲ အလုပ်မှ ထုတ်ပယ် ခဲ့သည်။

မြန်မာ အလုပ်သမားများက အလုပ် လုပ်ကိုင်ရာ တွ င် ယန္တရားများဖြင့် ကူညီမှုမရှိဘဲ အလုပ် သမားများ ကိုသာ ခိုင်းစေနေ၍ စက်ရုံ ပိုင်ရှင်အား တင်ပြခဲ့ကြသော်လည်း လက်ခံ ဆွေးနွေးခြင်း မရှိဘဲ မြန်မာ

အလုပ်သမား ၂၉ ဦးအား အလုပ်မှ ထုတ်ပယ် ခဲ့ခြ င်း ဖြစ်သည်။ ထို့ကြောင့် မြန်မာ အလုပ်သမား များမှ ထိုင်းအ လုပ်သမား ကာကွယ် စောင့်ရှောက်ရေးရုံး (စဝါဒီကမ်) နှင့် အလုပ်သမား အခွင့်အရေး ကွန်

ယက် (MWRN) တို့သို့ တိုင်ကြားခဲ့ရာ အလုပ်ထုတ်ခံရ သူများအား နစ်နာကြေး ပေးရန် စဝါဒီကမ် ရုံး က စက်ရုံပိုင်ရှင်အား အမိန့်ချမှတ် ခဲ့သည်။ ထိုသို့ အမိန့်ချမှတ် မှုအား စက်ရုံပိုင်ရှင်မှ အမှတ် ၁ အလု

ပ်သမား တရားရုံး (စာရဘူရီ) တွင် အယူခံ ဝင်ခဲ့သဖြင့် အကြိမ်ကြိမ် ဆွေးနွေး ပြီးနောက် မြန်မာ အလု ပ် သမားများ၏ ဆန္ဒအရ နစ်နာကြေး ဘတ် ၉ သိန်းကျော်ရယူရန် သဘောတူညီ ခဲ့ကြသည်။ ထို့ကြောင့်

စက်ရုံပိုင်ရှင်မှ မြန်မာ အလုပ်သမား ၂၉ ဦးအား နစ် နာကြေး ဘတ် ၉ သိန်းကျော်အား စက်တင်ဘာ ၉ ရ က်က ပေးလျော် ခဲ့ကြောင်း သိရသည်။

(Visited 247 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*