မန္တလေး သူနာပြုသင်တန်းမှ ကျောင်းသူ ၁၈ ဦး ကိုဗစ်ရောဂါ ကူးစက်ခံရ

မန္တလေး သူနာပြုသင်တန်းမှ ကျောင်းသူ ၁၈ ဦး ကိုဗစ်ရောဂါ ကူးစက်ခံရ

မန္တလေးမြို့၊ ချမ်းမြသာစည် မြို့နယ်၊ လမ်း ၆၀၊ ၁၀၅ လမ်းနဲ့ ၁၀၆ လမ်း ကြားရှိ သူနာပြု သင်တန်းကျော င်းမှာ စက်တင်ဘာ လ ၁၀ ရက်က သင်တန်းသူ ၁၈ ယောက် ဆီမှာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရ တာ

ကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ကျန်မားရေး အဖွဲ့နဲ့နီး စပ်သူ တစ်ဦးက ပြောပါတယ်။ သင်တန်း သူတွေ ဖျားပြီး လည်ချောင်း နာတာ ဖြစ်တဲ့ အတွက် ကျန်း မာရေး ဦးစီးဌာနက သွားရောက်ပြီး စစ်ဆေး ခဲ့ရာ

စစ်ဆေးသူ ၁၁၅ ယောက် အနက် ၁၈ ယောက်မှာ Positive အဖြေ ထွက်ရှိ ခဲ့တာလို့ သိရပါတယ်။ ပိုးတွေ့သူ ၁၈ ယောက် အနက် ၁၆ ယောက်ဟာ ထပ်ဆောင်းဆေး အပါဝင် ကိုဗစ် – ၁၉  ကာကွယ်ဆေး

အကြိမ်ပြည့် ထိုးထားသူ တွေဖြစ်ပြီး ၂ ယောက် က တော့ ပထမ အကြိမ် ထိုးထားတယ်လို့ ကျန်းမာရေးအဖွဲ့နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။ ပိုးတွေ့ လူ နာတွေကို ကန်တော်နဒီ ဆေးရုံကို တင်ပို့ထားပြီး

ကျန်သူ တွေကိုလည်း ကွာရန်တင်း ထားထား တယ်လို့ သိရ ပါတယ်။

(Visited 133 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*