ပဲခူမြို့နယ် ညောင်အင်းစက်မှုစက်မှုဇုန်ရှိ Melody Global ဖိနပ်စက်ရုံ မီးလောင်

ပဲခူမြို့နယ် ညောင်အင်း စက်မှုစက်မှုဇုန်ရှိ Melody Global ဖိနပ်စက်ရုံ မီးလောင်

ပဲခူးမြို့ ညောင်အင်းစက်မှုဇုန်ရှိ Melody Global ဖိနပ်စက်ရုံမှာ စက်တင်ဘာ ၁၁ ရက်နေ့ ဆယ်နာရီခွဲက မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဒီကနေ့ မနက်ဆယ်နာရီခွဲက ညောင်အင်းစက်မှုဇုန်ရှိ Melody Global ဖိနပ်စက်ရုံ မီးလော

င် ကျွမ်းခဲ့ရာ level 2 အဆင့်ရှိပြီး နာရီဝက်ကြာ မီး ငြိမ်းသတ်ခဲ့ရတယ်လို့ စက်မှုဇုန်အနီး နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။ “ကံကောင်းတာ အလုပ်ပိ တ်ရက်ဖြစ်နေလို့ နောက်မို့ဆို မတွေးရဲဘူး။ ဝါယာရှော့ ဖြစ်တယ်လည်း ပြောတယ်၊ အပူလွန်ကဲပြီး

လောင်တယ် လည်းပြောတယ်၊ သေချာတော့ မသိဘူး။ နာရီဝက်နီးပါး ကြာတယ်။” မီးလောင်မှုကို တို င်းဒေသကြီး မီးသတ်ဦးစီးဌာန၊ မြို့နယ် မီးသတ်ဦး စီးဌာန၊ သနပ်ပင်မြို့နယ် မီးသတ်ဦးစီးဌာနက မီးသ တ်ယာဥ် ခုနှစ်စီးနဲ့ ငြှိမ်းသတ် ခဲ့ရတယ်လို့ မီးသတ်

ဦးစီးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။ “ဆယ်နာရီခွဲမှာ လောင်တယ်၊ ဆယ်တစ် နာရီမှာ မီး ငြိမ်းပါတယ်။ မီးလောင်တဲ့ အကြောင်း အရင်းနဲ့ ဆုံး ရှုံးမှု တန်ဖိုးကို တွက်နေပါတယ် လက်တလော မသိရပါဘူး။” လက်တလောမှာ စစ်ကောင်စီ လက်အော

က်ခံ မီးသတ် ဦးစီးဌာနနဲ့ ရဲတွေဟာ Melody Global ဖိနပ်စက်ရုံက တာဝန်ခံတွေကို မီးလောင်မှုနဲ့ ပတ်သက်ပြီး စစ်ဆေး နေတယ်လို့ ညောင်အင်းစက်မှုဇုန်မှာ နေထိုင်သူတွေက ပြောပါတယ်။ ညော င်အင်းစက်မှုဇုန်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက် မနက်

ဆယ်နာရီကလည်း အမှိုက်ပုံကနေ မီးလောင်မှုဖြစ်ခဲ့ရာ နာရီဝက်နီးပါးကြာမြင့်ပြီး မီးသတ်ယာဥ်ငါးစီးနဲ့ ငြှိမ်းသတ်ခဲ့ပါသေးတယ်။

(Visited 265 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*