ဇင်းကျိုက် မြို့အတွင်း လူ ၂၀ ကျော် ခွေးရူး ကိုက်ခံရပြီး …

ဇင်းကျိုက် မြို့အတွင်း လူ ၂၀ ကျော် ခွေးရူး ကိုက်ခံရ

ဇင်းကျိုက်မြို့အတွင်း စက်တင်ဘာ ၁၁ ရက် နံနက် ၇ နာရီခန့်က လူ ၂၀ ကျော် ခွေးရူး အကိုက်ခံခဲ့ရကြောင်း မြို့ခံများ၏ ပြောကြားချက် များအရ သိရသည်။ အဆိုပါ ခွေးရူးမှာ ဇင်းကျိုက်မြို့၊ ပန်းကုန်းကျေးရွာ မှစတင်ကာ လမ်းသွား လမ်းလာများအား

စကိုက် ခဲ့သည်ဟု သိရကြောင်း၊ ထိုမှ ရန်ကုန် – မော်လမြိုင် ကားလမ်းအတိုင်း သာယာကုန်း ကျေးရွာ၊ ဇ င်းကျိုက်မြို့၊ ဖလပ်ရပ်ကွက် ဝတ်ကြီးရပ်ကွက်လမ်တလျှောက် လမ်းသွား လမ်းလာများအား ထပ်မံကိုက်ခဲ့ကြောင်း ဇင်းကျိုက် မြို့ခံတဦးကပြောကြား

သည်။ ၎င်းကဆက်လက်ပြီး”အဲ့ဒီကမှ ဆားဖိုစုရပ်ကွက် ရထားလမ်းနားမှာ လူတစ်ယောက်ကို ထပ်ကို က်ခဲ့သေးတယ်။ အဲဒီလူက ရိုက်သတ်လိုက်မှ ခွေး ရူး ကသေသွားတာ။ အဲ့ဒီခွေးရူးက အိမ်တွေပေါ်ကိုပါ တက်ကိုက် တာလို့ သိရတယ်။ အကိုက်ခံရတဲ့ အ

ထဲမှာ ကလေးတွေ လည်းပါတယ်။ အရွယ်စုံပဲ။ ကို ရင်လေးတွေ လည်းပါတယ်။ ဆိုင်ကယ် မောင်းနေတဲ့ သူတွေပါ ပါတယ်လို့သိရတယ်” ဟု ပြောကြား သည်။ ခွေးရူး အကိုက်ခံရ သူများမှာ ပေါင်မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေကြရ

ကြောင်း နှင့် လတ်တလော အသက် အန္တရာယ် စိုးရိ မ်ရသည့် လူနာမရှိသေးဟု သိရကြောင်း ခွေးရူးအကိုက်ခံရ၍ ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြသူများ၏ မိသားစုများထံမှ သိရသည်။ Photo – ကိုဇော်မင်း (မိုးချယ်ရီ)

(Visited 355 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*