ပြင်ဦးလွင် တောင်ပုလ တောင်တော်ပေါ်သို့ ဆင်များ၊ မြင်းများ စီး၍ လည်ပတ်နိုင်ရန် စီစဉ်နေ

ပြင်ဦးလွင် တောင်ပုလ တောင်တော်ပေါ်သို့ ဆင်များ၊ မြင်းများ စီး၍ လည်ပတ်နိုင်ရန် စီစဉ်နေ

မန္တလေး တိုင်းဒေသကြီး ပြင်ဦးလွင်မြို့ ၀က်ဝံကျေး ရွာ အုပ်စုရှိ တောင်ပုလ တောင်တော်ပေါ်သွား ခရီး သွား ဧည့်သည်များ ဆင်များ၊ မြင်းများ စီး၍ လည် ပတ်နိုင်ရန် စီစဉ်နေကြောင်း တောင်ပုလဆရာတော်

အရှင်ပညာဘောဂထံမှ စက်တင်ဘာလ ၉ ရက်တွင်သိရသည်။ “တောင်ခြေကနေ ဘုရားဖူးတွေ တောင်ပေါ် တက်တဲ့ခါ ဆင်စီးပြီး လည်လို့ ရအောင် ဒကာတစ်ယောက်က သူ့ဆင်စခန်း လာပြီးဖွင့်ဖို့ လျောက်

ထားတာပေါ့၊ ပွင့်လင်းရာသီ အမှီဖွင့်ဖို့ စီစဉ်မှာပေါ့ ” ဟု တောင်ပုလဆရာတော် အရှင်ပညာဘောဂ ကပေါ်ပြူလာနယူး(စ်) သို့ မိန့်ကြားသည်။ တောင်ပုလတောင်တော်ပေါ်တွင် ဆင်များ ထားရှိပြီး ခရီးသွား

ဧည့်သည်များ ဆင်များ၊ မြင်းများ စီး၍ တက်ရော က် လည်ပတ်နိုင်မည့် အစီအစဉ်ကို လာမည့် ပွင့်လ င်းရာသီတွင် စတင်နိုင်ရန် စီစဉ်ထားသည် ဟုလည်းသိရသည်။ ပြင်ဦးလွင်မြို့သို့ လာရောက် လည်ပတ်

သူများ အတွက် တောင်ပုလ တောင်တော်တွင်လက် ရှိ အချိန်၌ တောတောင် စိမ်းလန်းသာယာ လှပစေရေး၊ မြန်မာ့သဘာ၀ တောတောင် အလှအပ များနှင့် တိမ်ပင်လယ်ကို လှပစွာ ခံစားနိုင်စေရန် အပန်း

ဖြေ နေရာများစွာကို ဖော်ဆောင် ထားသည့် အတွ က် ခရီးသွား ဧည့်သည်များ အများအပြား လာရော က် လည်ပတ် လျက်ရှိသည်ဟု သိရသည်။

(Visited 101 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*