ဒေါ်လာ ၅၅ သန်းတန် စံအိမ် ၂ လုံးကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့တဲ့ စာရေးဆရာမ

ဒေါ်လာ ၅၅ သန်းတန် စံအိမ် ၂ လုံးကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့တဲ့ အမျိုးသမီး စာရေးဆရာမ မက်ကင်ဇီစကော့

ပရဟိတ လုပ်ငန်းတွေ ဆောင်ရွက် နေတဲ့ အမေရိကန် ဝတ္တုရေးဆရာမ မက်ကင်ဇီစကော့က အမေရိကန် ဒေါ်လာ ၅၅ သန်း တန်ကြေး ရှိတဲ့ စံအိမ် ၂ လုံးကို ပရဟိတ အဖွဲ့အစည်း တစ်ခုထံ လှူဒါန်းလိုက် ပါပြီ။ မက်ကင်ဇီစကော့ဟာ ဇူလိုင်လ ၂၉ ရက်က ဘာ

ဗလေဟေးလ် မှာရှိတဲ့ စံအိမ် ၂ လုံးကို California Community Foundation (CCF) ထံ လွှဲပြောင်း ပေးအပ် ခဲ့တာပါ။ မက်ကင်ဇီစကော့ နဲ့ ခင်ပွန်းဟောင်း ဂျက်ဘီဇို့စ်တို့ဟာ ၂၀၀၇ ခုနှစ်မှာ ပထမအိ မ်ကို ဒေါ်လာ ၂၄.၄၅ သန်းနဲ့ ဝယ်ယူခဲ့တာ ဖြစ်ပြီး

ဒုတိယ အိမ်ကိုတော့ ၂၀၁၇ ခုနှစ်မှာ ဒေါ်လာ ၁၂.၉ သန်းနဲ့ ဝယ်ယူ ခဲ့တာပါ။ အမေရိကန် ဒေါ်လာ ၃၇ ဘီလျံ ချမ်းသာတဲ့ မက်ကင်ဇီစကော့ ဟာ ခင်ပွန်းဟောင်းပိုင် Amazon ကုမ္ပဏီရဲ့ ရှယ်ယာ တွေကို ဒေါ်လာ ၈.၅ ဘီလျံဖိုးအထိ ရောင်းချခဲ့ပြီး ဖြစ်ပေမဲ့

လက်ရှိ အချိန်အထိ ရှယ်ယာ ၄ ရာခိုင်နှုန်း ပိုင်ဆိုင်နေဆဲပါပဲ။ သူဟာ လက်ရှိ အချိန်အထိ ပရဟိတလုပ်ငန်း တွေနဲ့ အဖွဲ့အစည်း တွေအတွက် ဒေါ်လာ ၁၂ ဘီလျံ လှူဒါန်းခဲ့ သူပါ။ ပြီးခဲ့တဲ့နှစ်မှာပဲ ပရဟိတ

အဖွဲ့အစည်း ၃၀၀ နီးပါးအတွက် အမေရိကန်ဒေါ် လာ ၂.၇ ဘီလျံ လှူဒါန်းခဲ့ ပါတယ်။

(Visited 69 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*