မှတ်ပုံတင်ပြမှ ငွေကြေးဝန်ဆောင်မှု အသုံးပြုနိုင်မယ်လို့ Wave Money ထုတ်ပြန်

မှတ်ပုံတင်ပြမှ ငွေကြေးဝန်ဆောင်မှု အသုံးပြုနိုင်မယ်လို့ Wave Money ထုတ်ပြန်

မိုဘိုင်း ငွေကြေးဝန်ဆောင်မှု လုပ်ငန်း တစ်ခုဖြစ်တဲ့ Wave Money က စက်တင်ဘာလ ၉ ရက် ဒီနေ့ကစလို့ ငွေလွှဲ၊ ငွေထုတ် ဝန်ဆောင်မှု အသုံးပြု သူတွေအနေနဲ့ မဖြစ်မနေ မှတ်ပုံတင် ယူဆောင် လာရမယ်လို့ Wave Money က ထုတ်ပြန် ထားပါတယ်။ ငွေ

လွှဲ၊ ငွေထုတ် ပြုလုပ် တဲ့အခါ ပိုမိုလုံခြုံ စိတ်ချရစေဖို့ လုံခြုံရေး အဆင့်မြှင့်တင် ဆောင်ရွက် ပေးနေတာကြောင့် အသုံးပြုသူတွေ အနေနဲ့ မှတ်ပုံတင် ကို မဖြ စ်မနေ ယူလာရမှာ ဖြစ်သလို အချက်အလက် အပြ ည့်အစုံကို ဖြည့်စွက်မှသာ ငွေလွှဲ၊ ငွေထုတ်လုပ်ငန်း

စဉ် ဆောင်ရွက် နိုင်မှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ် Wave Money အသုံးပြုသူတစ်ဦးကတော့ အခု ပြောင်းလဲလိုက်တဲ့ စည်းမျဉ်းတွေကြောင့် သူ့အတွက် ဆက်လက်အသုံးပြုဖို့ ခက်စေတယ်လို့ RFA ကို ပြောပါတယ်။ “အရင် ကဆို

ဖုန်းနံပါတ် ပေးလိုက်ရင် ရပြီ။ ငွေလွှဲတာပဲဖြစ်ဖြစ်၊ ငွေထုတ်တာပဲ ဖြစ်ဖြစ်။ အခုက အဲ့လို သွားလေရာ မှတ်ပုံတင် ယူရမလို ဖြစ်နေပြီ။ ငွေလွှဲတာ၊ ငွေထုတ်တာက မှတ်ပုံတင် ပြစရာမှ မလိုအပ်တာ။ Wave Money အပိုတွေလုပ်ပြီး စစ်ကောင်စီ အလိုကျ လို

က်လုပ် နေရတာလို့ မြင်တယ်။ အလုပ် မရှုပ်အောင်လို့ လွယ်ကူတာနဲ့ ငွေလွှဲ ပါတယ်ဆိုမှ အခု လိုတွေ ပြရမယ်ဆို ဘဏ်ကပဲ လုပ်တော့မှာပေါ့။ အခု အဲ့လိုမျိုးတွေနဲ့ ဆိုရင်တော့ မလွှဲတော့ဘူး။ အသုံးမပြုတော့ဘူး” ဒီနေ့ကစလို့ Wave Money အသုံးပြုသူ

တွေရဲ့ မှတ်ပုံတင်ကတ်ကို ဓာတ်ပုံရိုက် ယူမှသာ ငွေလွှဲ၊ ငွေထုတ် ပြုလုပ် နိုင်အောင် Wave Money မိုဘိုင်း ဆော့ဝဲကိုပါ ပြင်ဆင် ထားတာကြောင့် အေးဂျင့် တွေအနေနဲ့လည် အလုပ်တွေ ပိုလာသလို ဒီနေ့မှာ ငွေလွှဲသူတွေလည်း နည်းလာတယ်လို့ Wave

Money ငွေလွှဲ ဝန်ဆောင်မှု လုပ်ငန်းကို လုပ်ကိုင်သူ တစ်ဦးက ပြောပါတယ်။ မိုဘိုင်း ငွေကြေး ဝန် ဆောင်မှု လုပ်ကိုင်တဲ့ ကိုယ်စားလှယ်တွေ အနေနဲ့ ငွေသွင်းနဲ့ ငွေထုတ်သူရဲ့ အမည်၊ နိုင်ငံသား စိစစ်ရေးကတ်အမှတ်၊ ရှေ့နောက်ပုံ မိတ္တူ၊ ဖုန်းနံပါတ်၊

နေရပ်လိပ်စာ၊ ငွေလွှဲပို့တဲ့ အကြောင်းအရင်း စတဲ့ အချက် အလက်တွေကို အပြည့်အစုံ ရယူ ထားရမ ယ်လို့ စစ်ကောင်စီရဲ့ ဗဟိုဘဏ်က ဩဂုတ်လ ၁၅ ရက်နေ့ ရက်စွဲနဲ့ ညွှန်ကြားထားပါတယ်။ Source – RFA

(Visited 111 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*