Ooredoo ကုမ္ပဏီက အူရီဒူးမြန်မာကို ကန်ဒေါ်လာ ၅၇၆ သန်း ဖြင့်ရောင်းချကာ မြန်မာနိုင်ငံမှ ထွက်ခွာ

Ooredoo ကုမ္ပဏီက အူရီဒူးမြန်မာကို ကန်ဒေါ်လာ ၅၇၆ သန်း ဖြင့်ရောင်းချကာ မြန်မာနိုင်ငံမှ ထွက်ခွာ

အာဏာသိမ်း ပြီးနောက်ပိုင်း ပြည်တွင်း၌ တစ်ခု တ ည်းသာ ကျန်ရှိတော့သော နိုင်ငံတကာ ဆက်သွယ်ရေး ကုမ္ပဏီဖြစ်သော အူရီဒူးမြန်မာကို အမေရိကန်ဒေါ်လာ ၅၇၆ သန်းဖြင့် စင်ကာပူရှိ Nine Commu nications ကုမ္ပဏီကို ရောင်းချလိုက်ပြီ ဖြစ်ကြော င်း သိရသည်။ စုစုပေါင်း ဒေါ်လာ ၅၇၆ သန်းတန်

အရောင်းအဝယ် စာချုပ်ကို ကာတာ ဆက်သွယ်ရေးကုမ္ပဏီ Ooredoo က လက်မှတ် ရေးထိုး လိုက်ပြီဖြစ်ကြောင်း Reuters သတင်းဌာနက ယနေ့ (စက် တင်ဘာ ၈) ရေးသားသည်။ အူရီဒူးမြန်မာကို ဝယ် ယူလိုက်သည့် Nine Communications ကုမ္ပဏီကို ပိုင်ဆိုင်သူမှာ the Link Family နှင့် ဆက်သွ

ယ်ရေး လုပ်ငန်းတွင် နှစ်ပေါင်း ၄၀ အတွေ့အကြုံရှိ ဦးဉာဏ်ဝင်းဆိုသူ ပိုင်ဆိုင်ကြောင်း Ooredoo ကု မ္ပဏီ ကလည်း ယနေ့ထုတ်ပြန်သည်။ ဦးဉာဏ်ဝင်းမှာ နိုင်ငံပိုင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT) တွင် လုပ်ကိုင်ခဲ့သူ ဖြစ်ကြောင်း Horizon ဆက်သွ ယ်ရေးကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်သည်ဟု Myanmar

Now ၏ သတင်းရင်းမြစ် တစ်ခုထံမှ သိရသည်။ ရ င်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီး ဌာန (DICA) တွင် မှတ်ပုံ တင်ထားသည့် Horizon Telecom International ကုမ္ပဏီတွင် ဦးဉာဏ်ဝင်း အမည် ပါဝင်သည်ကို တွေ့ရသည်။ သုံးစွဲသူ ၁၅ သန်းရှိ အူရီဒူးမြန်မာကုမ္ပဏီကို ရောင်းချရေးနှ

င့် ပတ်သက်၍ ကာတာနိုင်ငံ၊ ဒိုဟာမြို့အခြေစိုက် Oo redoo ကုမ္ပဏီက စစ်ကောင်စီ လက်အောက်ခံ ဆ က်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနကို အကြောင်း ကြား ထားပြီးဖြစ်ကြောင်း ရိုက်တာ သတင်းဌာနကပင် ဇူလိုင်လအတွင်း ရေးသားခဲ့သည်။ အာဏာ

သိမ်းပြီးနောက် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု လုပ်င န်းကြီး များနည်းတူ နော်ဝေမှ ဆက်သွယ်ရေး ကုမ္ပ ဏီ Telenor သည်လည်း မြန်မာနိုင်ငံရှိ ၎င်း၏ကု မ္ပဏီကို ရောင်းထုတ်ခဲ့သည်။ တယ်လီနောမြန်မာကို လက်ဘနွန် သန်းကြွယ်သူဌေးပိုင် M1 Group မှဝယ်ယူရာတွင် စစ်တပ်အဆက်အနွှယ် ရွှေဗျိုင်းဖြူ

ကုမ္ပဏီ ပါဝင်ခဲ့သည်။ လက်ရှိတွင် စစ်တပ်နှင့် အ ကျိုးတူ စီးပွားရေး လုပ်ကိုင်ဖူးသည့် ရွှေဗျိုင်းဖြူပိုင်ရှင် ဦးသိန်းဝင်း ဇော်သည် တယ်လီနောမြန်မာမှ အတမ်အမည်ပြောင်း ဆက်သွယ်ရေးကုမ္ပဏီကို ၈၀ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ထားသည်။ စင်ကာပူအစိုးရ၏ စာရင်းအင်းနှင့် ကော်ပိုရိတ်ကြီးကြပ်

ရေး အာဏာပိုင် (ACRA) မှတ်တမ်းအရ အူရီဒူးမြန် မာကို ဝယ်ယူလိုက်သည်ဆိုသော Nine Communications ကုမ္ပဏီမှာ စင်ကာပူနိုင်ငံတွင် မှတ်ပုံတင်ထား သည်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက်က မှတ်ပုံတင်ခဲ့ခြင်းဖြစ်ကာ တစ်လကျော်သာရှိသေးသည်။ ကုမ္ပဏီဒါရိုက်တာအဖြစ် Randhir

 

Ram Chandra ဆိုသူကို ဖော်ပြထားပြီး စင်ကာပူနိုင်ငံသား ဖြစ်သည်ဟု ဆိုသည်။ Nine Commu nications ၏ ရှယ်ယာရှင်ကုမ္ပဏီနှစ်ခုမှာ စင်ကာပူတွင် မှတ်ပုံတင်ထားသည့် Sunny Aqua Mountain နှင့် အခွန်ရှောင်သူများအကြိုက် ကာရေဘီယံပင်လယ်ထဲရှိ ဗြိတိန်ပိုင် Cayman ကျွန်းစု

နိုင်ငံလေးတွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီဖြစ်သည်။ ဓာတ်ပုံ – EPA/EFE

(Visited 133 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*