မအူပင်မြို့၌ ဖြစ်ပွားခဲ့သည့် မီးလောင်မှု ဖြစ်စဥ်တွင် အမျိုးသား ၁ ဦးသေဆုံး

မအူပင်မြို့၌ ဖြစ်ပွားခဲ့သည့် မီးလောင်မှု ဖြစ်စဥ်တွင် အမျိုးသား ၁ ဦးသေဆုံးခဲ့

ဧရာဝတီတိုင်း၊ မအူပင်မြို့၊ အမှတ် (၁၀) ရပ်ကွက်တွင် စက်တင်ဘာ ၇ ရက်ညပိုင်းက ဖြစ်ပွား ခဲ့သည့် မီးလောင်မှုဖြစ်စဥ်တွင် အမျိုးသား ၁ ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရ

သည်။ ယင်းနေ့ည ၉ နာရီ ၃၅ မိနစ်ခန့်က အမှတ် (၁၀) ရပ်ကွက်၊ ၁၀ လမ်းရှိ ရေခဲစက် အနီး၌ မီး လောင် ကျွမ်းမှု ဖြစ်ပွားခဲ့ ခြင်းဖြစ် ကြောင်း သိရသည်။ ထို့ကြောင့် မအူပင်မြို့နယ် မီးသတ်စခန်းမှ

တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင် များက မီး သတ်ကား ၆ စီးဖြင့် ဝိုင်းဝန်း ငြိမ်းသတ် ခဲ့ကြသဖြင့် ည ၉ နာရီ ၅၀ မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။ မီးလောင် မှုကြောင့် အမျိုးသား ၁ ဦး အခ

င်း ဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး အမျိုးသား ၁ ဦးတွင်လည်း ထိခိုက်ဒဏ်ရာ များရရှိခဲ့သဖြင့် အလ င်္ကာ လူမှုကူညီရေး အသင်းကားဖြင့် မအူပင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ပေးခဲ့ကြကြောင်း သိရ

သည်။ ” မီးလောင်မှုကြောင့် အိမ်ရှင် အမျိုးသားတစ်ဦး သေဆုံးသွားတယ်။ သူက ကျန်းမာရေးမကောင်းတာကြာ‌ပြီ လေဖြတ်ဝေဒနာခံစားနေရသူပါ။ အိမ်မီးလောင်တော့ သူလည်းမီးထဲပါပြီး သေ

ဆုံးသွားတာ” ဟု ၎င်းရပ်ကွက်နေသူ တစ်ဦးကပြေ ာသည်။ မီးလောင်မှု ဖြစ်ပွားရာသို့ မီးသတ်တပ်ဖွဲ့ဝင်များနှင် ပတ်ဝန်းကျင် နေသူများ ဝိုင်းဝန်းငြိမ်းသတ်ခဲ့လို့ အခြားအိမ်တွေ မီးမကူးဆက်တော့တာ၊

မီးလောင်ရသည့် အ‌ကြောင်းရင်းအား သက်ဆိုင်ရာမှ စစ်ဆေးနေကြောင်း ဆက်လက် ပြောဆိုသည်။

(Visited 156 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*