တခဏတာ ကမ္ဘာ့ ၂၅ ယောက်မြောက် အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်သွားတဲ့ အမျိုးသား 

တခဏတာ ကမ္ဘာ့ ၂၅ ယောက်မြောက် အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်သွားတဲ့ တစ်ခဏတာ ဘီလျံနာဖြစ်ခဲ့သူ အမျိုးသား

ကိုယ့်ရဲ့ ဘဏ်အကောင့် ထဲကို ငွေ မြောက်မြားစွာ ဝင်လာခဲ့မယ် ဆိုရင် တအံ့တဩ ဖြစ်သွားကြ မယ်ထင်ပါတယ်။ အမျိုးသား တစ်ယောက် ဆိုရင်လည်း သူ့အကောင့်ထဲမှာ ငွေတွေ အများကြီး ဝင်နေခဲ့ပါတယ်။ အဲဒီ အခိုက်တန့်မှာ သူဟာ ၂၅ ယောက်မြော က် ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်သွားခဲ့ပါတယ်။

ဘဏ်လုပ်ငန်း Error တက်ပြီး သူ့အကောင့်ထဲကို ပေါင် (၄၃.၄) ဘီလျံ ဝင်နေခဲ့တာပါ။ တစ်ခဏတာ ဘီလျံနာ ဖြစ်ခဲ့ရတဲ့ သူကတော့ ဒါရမ် ဂျိမ်းစ်ဆိုသူပါ။ သူ့အကောင့်ထဲ ဘီလျံချီတဲ့ ငွေတွေ ရောက်နေခဲ့တာကို သူ့ဇနီးဖြစ်သူက အရင်တွေ့ခဲ့ပြီး သူ့ကို ဖု န်းခေါ်ကာ အသိပေးခဲ့တာပါ။ အဲဒါနဲ့ ဒါရမ် လည်း

ဘဏ်အကောင့်ထဲက သူ့ရဲ့ငွေပမာဏကို စစ်ကြည့်လိုက်တော့ ကိုယ့်မျက်စိ ကိုတောင် မယုံကြည် နိုင်ဖြစ်ခဲ့ရပါတယ်။ သူ့ဘဝမှာ ဒီလောက်များတဲ့ ငွေတွေကို မမြင်ဖူးခဲ့ တာကြောင့် ဆွံ့အ သွားခဲ့ရတယ်။သူလည်း ဒီငွေတွေ ဘယ်ကနေ ရောက်လာ တာလဲပေါ့။ ဒီလောက် ငွေပမာဏ လွှဲမယ့်သူလည်း မသိ

တာကြောင့် ဘယ်သူကများ မှားလွှဲလိုက်လဲလို့ တွေးနေခဲ့ပါတယ်။ ဒါရမ်က အဲဒီငွေတွေကို ယူပြီး သုံးစွဲပစ်မယ့် အစား ပိုင်ရှင်ဆီ ပြန်ပေးဖို့ စီစဉ်ခဲ့ပါတယ်။ ဒီငွေတွေ အားလုံးနဲ့ သူ ဘာလုပ်လို့ ရနိုင်လဲ ဆိုပြီး စိတ်ကူးယဉ် ကြည့်ခဲ့ပေမဲ့ ငွေတွေပြန်ပေးဖို့ ဘဏ်ကို ဆက်သွယ် ခဲ့ပါတယ်။ အိမ်ခြံမြေ အကျိုးဆောင်

ဖြစ်တဲ့ ဒါရမ်က ဒီငွေတွေကို ယူထားမယ်ဆိုရင် ခိုးယူမှု မြောက်တယ်လို့ မှတ်ယူ ခဲ့တာပါ။ ဘဏ်ကို အ သိပေး လိုက်တော့ ချက်ချင်းပဲ ငွေတွေကို ပြန်ယူဖို့ လုပ်ဆောင် ခဲ့ကြပါတယ်။ ဒါပေမဲ့ ဘဏ်က ငွေတွေ ဘယ်က လာတယ်၊ ဘယ်လို ဖြစ်ပြီး Error တတ်သွား ခဲ့လဲဆိုတာကိုတော့ ထုတ်ဖော် ပြောဆိုတာမျိုး

မရှိခဲ့ပါဘူး။ ရက်အနည်းငယ် ကြာတော့ ဒါရမ်ရဲ့ဘ ဏ်အကောင့် ထဲမှာ ဘီလျံချီတဲ့ ငွေတွေ မရှိတော့ပါဘူး။ စနေ၊ တနင်္ဂနွေ၊ တနင်္လာ အထိ အကောင့်ထဲမှာ ရှိနေပါ သေးတယ်။ အင်္ဂါနေ့ကျမှာ မရှိတော့တာပါ။ သူသာ အဲဒီလိုငွေတွေ တရားဝင် ပိုင်ဆိုင်ရခဲ့မ ယ်ဆိုရင် သူတစ်ပါးကို ကူညီပေးသွားမှာဖြစ်တယ်၊

ဒါက သူ့ရဲ့ကြီးမားတဲ့အိပ်မက်ပါပဲလို့ ဒါရမ်က ဆိုပါတယ်။ Ref: TheMirror

(Visited 161 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*