လားရှိုးမြို့မှ ပြန်လာသည့် အမျိုးသားတဦး အဝေး ပြေး ခရီးသည်တင် ကားပေါ်၌ သေဆုံး

လားရှိုးမြို့မှ ပြန်လာသည့် အမျိုးသားတဦး အဝေး ပြေး ခရီးသည်တင် ကားပေါ်၌ သေဆုံး

လားရှိုးမြို့မှ ရန်ကုန်မြို့သို့ အဝေးပြေး ခရီးသည်တင် ကားဖြင့် ပြန်လာသည့် အမျိုးသား တစ်ဦးသည် စ က်တင်ဘာ ၇ ရက် နံနက်ပိုင်းက ကားပေါ် ၌သေဆုံးခဲ့ကြောင်း ဖြူး မြို့မနာရေးကူညီမှု အသင်းမှ သိရသည်။ သေဆုံးခဲ့သည့် အမျိုးသားသည် ရန်ကုန်

တိုင်း၊ တောင်ဥက္ကလာပ မြို့နယ်၌ နေထိုင်သည့် ကိုသော်ဇင်ထွန်း (၄၂) နှစ်ဖြစ်ကာ လားရှိုးမြို့မှ ပြန်လာစဥ် ရန်ကုန်- မန္တလေး အမြန် လမ်းမကြီး၏ ၁၁၅ မို င် ယာဥ်ရပ်နားစခန်း အရောက် ကား ခနနားချိန်၌ သေဆုံး နေသည်ကိုတွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း သိ

ရသည်။ ထို့ကြောင့် အမြန်လမ်း ရဲစခန်းသို့ အကြေ ာင်းကြားခဲ့သဖြင့် အမြန်လမ်း ရဲတပ်ဖွဲ့ဝင် များက လာရောက်စစ်ဆေးရာ ပြင်ပဒဏ်ရာမရှိဘဲ သေဆုံးနေခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိခဲ့ရသည်။ “ပြင်ပဒဏ်ရာ တော့မရှိဘူးဗျ ကျွန်တော်တို့ အသင်းကိုဖုန်

ဆက်ပြီး ရုပ်အလောင်း လာသယ်ဖို့ အကူညီ တော င်းလို့ သွားသယ်ပေးပြီး ဖြူးဆေးရုံက ရင်ခွဲရုံကိုပို့ပေးခဲ့တယ်”ဟု ဖြူး မြို့မ လူမှုကူညီရေး အသင်းဝင်တစ်ဦး ကပြောသည်။ ထို့အပြင် သေဆုံးရသည့်အ ကြောင်း ရင်းအား သိရှိနိုင်ရန် ရင်ခွဲ စစ်ဆေးမှုများ

ပြုလုပ် သွားမည်ဖြစ်ကာ ၎င်း၏ မိသားစု ဝင်များထံသို့ ဆက်သွယ်အ ကြောင်းထားသည်ဟု သိရသ ည်။ “သူ့မိသားစု ဝင်တွေ ဆီကိုတော့ အကြောင်း ကြားထားတယ် လာနေပြီလို့တော့သိရတယ် ကျွန် တော်တို့ကတော့ ဆေးစစ်ချက် အဖြေကတော့ ဘ

ယ်လိုဖြစ်မယ်ဆိုတာမသိပါဘူး”ဟု ဖြူးမြို့မလူမှုကူညီရေးအသင်းဝင်တစ်ဦးကပြော သည်။

(Visited 1,203 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*