ထိုင်းနိုင်ငံက မြန်မာနိုင်ငံအတွက် လေထု အရည်အ သွေး စောင့်ကြည့် တိုင်းတာ စစ်ဆေးသည့်စက် လှုဒါန်း

ထိုင်းနိုင်ငံက မြန်မာနိုင်ငံအတွက် လေထု အရည်အ သွေး စောင့်ကြည့် တိုင်းတာ စစ်ဆေးသည့်စက် လှုဒါန်း

မြန်မာနိုင်ငံတွင် လေထု အတွင်း PN- 25 ပါဝင်မှုလျှော့ချ နိုင်ရေးအတွက် လေထု အရည်အသွေး စီမံခန့်ခွဲမှု မြှင့်တင်ခြင်း ဆိုင်ရာ စီမံကိန်း “အနေဖြင့် ထိုင်းနိုင်ငံမှ လေထု အရည်အသွေး တိုင်းတာရေး စက်ကိရိယာများကို စက်တင်ဘာ ၆ ရက်ညနေ

၄ နာရီက လှူဒါန်းပေး ခဲ့သည်။ “စက်ရဲ့ အားသာချက် က လေထုထဲမှာ မျက်စိနဲ့ မမြင်နိုင်တဲ့ အမှုန်အမွှားတွေကို မြင်နိုင် သိနိုင်တယ် တိုင်းတာ နိုင်တယ် ဒီစက်က အဲဒီထက် သေးငယ်ပြီး အဆုတ်ထဲဝင်နိုင်တဲ့ အရာတွေကို မြင်နိုင် တိုင်းတာနိုင်ပါတယ်

“တာချီလိတ် ခရိုင်ပတ်ဝန်းကျင် ထိမ်းသိန်းရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။ ထို့‌နော က် တာချီလိတ်မြို့အတွက် Mobile Air Quality Monitoring Unit စက်အား ထိုင်းနိုင်ငံ

Thailand International Cooperation Agency (TICA) မှ Minister Counsellor Ms. JANTARAT NGAMCHANA ကလွှဲပြောင်းပေးအပ် လှူဒါန်းရာ တာချီလိတ်ခရိုင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ၊

ခရိုင် အုပ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်နိုင်က လက်ခံရယူခဲ့သည်။ ထို့အတူ တောင်ကြီး မြို့အတွက် လှူဒါန်းမှုအား ရှမ်းပြည်နယ် ပတ်ဝန်းကျင် ထိန်းသိ မ်းရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းဌေး က

လက်ခံရယူခဲ့သည်။ ထို့ပြင် စက်ပစ္စည်း ကိုင်တွယ်အသုံးပြုခြင်း ရက်တို သင်တန်းကိုလည်း ဖွင့်လှစ်သင်ကြား ပေးခဲ့ကြောင်း သိရသည်။

(Visited 14 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*