ကာရာအိုကေဘား မီးလောင်မှု ဖြစ်ကာ အနည်းဆုံး ၁၂ ဦးသေဆုံ

ဗီယက်နမ်တွင် ကာရာအိုကေဘား မီးလောင်၊ အနည်းဆုံး ၁၂ ဦးသေဆုံး

ဗီယက်နမ်နိုင်ငံ တောင်ပိုင်းရှိ ကာရာအိုကေ ဘားတခု မီးလောင်မှုမှာ အနည်းဆုံး လူ ၁၂ ယောက် သေ ဆုံးခဲ့ပြီး အယောက် ၄၀ ဒဏ်ရာ ရရှိကာ အများစုမှာ အခြေအနေ စိုးရိမ်ရကြောင်း နိုင်ငံပိုင် မီဒီယာကနေ စက်တင်ဘာ ၇ ရက်နေ့မှာ ကြေညာပါတယ်။

ဟိုချီမင်း စီးတီးနားက စက်မှုကုန်ထုတ် အချက်အ ချာနေရာဖြစ်တဲ့ ဘင်န်ဇွမ်းန် ခရိုင်မှာရှိတဲ့ ကာရာအိုကေ ဘားမှာ စက်တင်ဘာ ၆ ရက်က မီးလောင်မှုဖြ စ်ပွားခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာ VTV က ထုတ်ပြန်ပါတယ်။ မီးလောင်ရတဲ့ အကြောင်း ရင်းကို စုံစမ်း

စစ်ဆေးဖို့ ဝန်ကြီးချုပ် ဖမ်မင်ချင်းက ပြည်သူ့လုံခြုံ ရေး ဝန်ကြီးဌာနနဲ့ ပြည်နယ် အာဏာပိုင် တွေကို ဗု ဒ္ဓဟူးနေ့မှာ အမိန့်ပေး ခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟာ ကာရာအိုကေ ဘားတွေ အပါအဝင် မီးဘေးအန္တရာ ယ် ကျရောက်နိုင်တဲ့ အဆောက် အအုံတွေမှာ လုံခြုံ

ရေး စံနှုန်းတွေကို မြှင့်ထားဖို့ နိုင်ငံ တဝန်းရှိ မြို့ကြီးတွေနဲ့ ပြည်နယ်တွေကို ညွှန်ကြားထားပါတယ်။ ကာရာအိုကေဟာ ဗီယက်နမ်မှာ ရေပန်းစား ပေမဲ့လည်း လုပ်ငန်း နေရာတွေမှာ လုံခြုံရေး စံနှုန်းတွေက ပေါ့ လျော့ တာကြောင့် စိုးရိမ်မှုတွေ မြင့်နေ ရပါတယ်။

ပြီးခဲ့တဲ့လက ဟနွိုင်းရှိ တခြား ကာရာအိုကေ ဘားတခု မီးလောင်မှုမှာ မီးသတ်သမား ၃ ယောက် သေ ဆုံးခဲ့ပါသေးတယ်။

(Visited 532 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*