ဖျော်ဖြေပွဲတစ်ခုမှာ LED Screen ပြုတ်ကျမှုကြောင့် ပြင်းထန်စွာဒဏ်ရာခဲ့တဲ့ အကသမား

ဖျော်ဖြေပွဲတစ်ခုမှာ LED Screen ပြုတ်ကျမှုကြော င့် ပြင်းထန်စွာ ဒဏ်ရာခဲ့တဲ့ အကသမား အပြည့်အဝပြန်ကောင်း နိုင်တဲ့ အခွင့်အရေး နည်းပါး

ဇူလိုင်လ ၂၈ ရက်နေ့က ဟောင်ကောင် အမျိုးသားအဆိုအဖွဲ့ Mirror ရဲ့ဖျော်ဖြေပွဲမှာ အကသမား (၂) ယောက် အပေါ်ကို ကြီးမားတဲ့ LED Screen ပြုတ်ကျမှု ဖြစ်ပွားခဲ့တယ် ဆိုတာကို စာဖတ်ပရိသတ်တွေ သိကြမယ်ထင်ပါတယ်။ အဲဒီအကသမား (၂) ယော

က်ထဲက (၁) ဦးဖြစ်သူ အသက် ၂၇ နှစ်အရွယ် မိုလီကတော့ ပြင်းထန်စွာ ဒဏ်ရာရခဲ့ပြီး အထူးကြပ်မတ်ကုသဆောင်မှာ စောင့်ကြည့် နေရတဲ့ အခြေ အနေမှာ ရှိနေတာပါ။ တရုတ် ဆရာဝန် တွေရော၊ အနော က်တိုင်း ဆရာဝန်တွေကပါ မိုလီရဲ့အရိုးအဆက်နဲ့

အာရုံခံနဗ်ကြောတွေက အပြည့်အဝ ပြန်ကောင်းမွန် နိုင်မှာမဟုတ်ဘူးလို့ ယုံကြည်နေကြကြောင်း မိုလီရဲ့ဖခင်ဖြစ်သူ ဒဲရစ် လီက စက်တင်ဘာ ၄ ရက်နေ့က ပြောကြားခဲ့ပါတယ်။ မိုလီအပေါ် LED Screen ပြု တ်ကျ လာပြီးတဲ့ နောက်မှာ လည်ပင်း အရိုးအဆက်

အက်သွားခဲ့ပြီး လည်ပင်း အောက်ပိုင်းကနေ အ ကြောသေ သွားနိုင်တဲ့ အန္တရာယ် ရှိနေပါတယ်။ အပ်စိုက်ကုသနည်းက ပြန်လည် ကောင်းမွန်လာ အောင်လုပ်ပေးနိုင်ဖို့ မသေချာပေမဲ့ ဆရာဝန်တွေက အဲဒီနည်းကို အခုအပတ်မှာ စမ်းကြည့်မှာ ဖြစ်တယ်လို့ ဒဲ

ရစ်လီက ပြောပါတယ်။ မိုလီ အသက်ရှင် နေသေး တာကိုပဲ ကျေးဇူးတင်နေရပြီး မိသားစုက အခက် အခဲတွေကို ကျော်လွှားနိုင်မှာ ယုံကြည် နေတယ်လို့ ဒဲရစ်က ဆိုပါတယ်။ သူ့သား ပြန်လည်ကောင်းမွန်လာအောင် ဆုတောင်း ပေးကြဖို့လည်း တောင်းဆို

ခဲ့ပါတယ်။ မိုလီဟာ မျှော်လင့်ထားတာထက် ပိုကော င်းမွန် လာနေတယ်လို့ ဒဲရစ်က ပြီးခဲ့တဲ့လက မျှဝေခဲ့ပါသေးတယ်။ မိုလီက ညဘက်ဆို ကောင်းကောင်းအိပ်စက်နေပြီး ဆက်သွယ် ပြောဆိုနိုင်နေတယ်။ ဒါ ပေမဲ့ အသက်ကယ်စက်ကိုတော့ လုံးဝဖြုတ်လို့မရပါ

ဘူးလို့ ဆိုပါတယ်။ တချိန်က တက်ကြွနေခဲ့တဲ့ သားဖြစ်သူကို အခုလို အခြေအနေမျိုးနဲ့ မြင်ရတဲ့ နာကျ င်မှုက ပြောမပြနိုင် လောက်အောင် ပါပဲတဲ့။ မ‌တော်တဆမှုအတွက် စစ်ဆေးတဲ့ အဖွဲ့တစ်ဖွဲ့က စံချိန်စံ ညွှန်းမမီတဲ့ဝါယာကြိုးအသုံးပြုတာနဲ့ LED Screen

ရဲ့အလေးချိန်ကို အစီရင်ခံမှု ပျက်ကွက် တာတွေကို တွေ့ရှိခဲ့ပေမဲ့ ဘယ်သူမှာ တာဝန်ရှိလဲ ဆိုတာပြောဖို့တော့ ငြင်းဆန် ခဲ့ပါတယ်။ အစောပိုင်း တွေ့ရှိချက်မှာတော့ Screen ကို သွယ်တန်း ထားတဲ့ တရုတ်ပစ္စ ည်း စတီးဝါယာက သတ္တုစွမ်းရည်ကျပြီး ပြတ်တော

က်သွားခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။ မိုလီနဲ့ အ ခြား အကသမားပေါ်ပြုတ်ကျခဲ့တဲ့ LED Screen ကြီးက ၆၀၀ ကီလိုဂရမ် လေးတယ်လို့ ပြောကြပေမဲ့ အဲဒီတစ်ဝက်ထက် မနည်း ရှိတယ်လို့လည်း ဆိုကြ ပါတယ်။ Ref: 8daysSingapore

(Visited 82 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*