တာတာကုမ္ပဏီ ဥက္ကဌဟောင်း ဘီလျံနာသူဌေး ဆို င်းရပ်စ်မစ်စထရီ ယာဉ်မတော်တဆ မှုကြောင့် ကွ ယ်လွန်

တာတာကုမ္ပဏီ ဥက္ကဌဟောင်း ဘီလျံနာသူဌေး ဆို င်းရပ်စ်မစ်စထရီ ယာဉ်မတော်တဆ မှုကြောင့် ကွ ယ်လွန်

အိန္ဒိယနိုင်ငံရဲ့ အကြီးဆုံး လုပ်ငန်းစု ဖြစ်တဲ့ တာတာကုမ္ပဏီ ဥက္ကဌဟောင်း ဘီလျံနာ ဆိုင်းရပ်စ်မစ်စထရီဟာ မွမ်ဘိုင်းမြို့ကို ခရီးသွားစဉ် ယာဉ် မတော်တ ဆ မှုကြောင့် စက်တင်ဘာ ၄ ရက်မှာ ကွယ်လွန်သွား

ပါတယ်။ နိုင်ငံ အနောက်ပိုင်း မဟာရာရ်ှထရာ ပြည် နယ်မှာ ဖြစ်ပွားခဲ့တဲ့ အဲဒီ ယာဉ်မတော်တဆမှု မှာ အ ခြားသူ တစ်ဦးလည်း သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ဆိုင်းရပ်စ်မစ်စထရီ ကွယ်လွန်မှုဟာ အိန္ဒိယ စီးပွား ရေး လောကအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီး ဖြစ် ကြောင်း ၀န်ကြီးချုပ် မိုဒီက ထုတ်ဖော် ပြောဆို ပါတယ်။ အသက် ၅၄ နှစ်အရွယ် မစ္စတာမစ်စထရီဟာ

သူ့ရဲ့ လုပ်ငန်း စွမ်းဆောင်ရည် အပေါ် ဝေဖန်မှုတွေ ထွက်ပေါ် လာပြီးနောက် ၂၀၁၆ ခုနှစ်မှာ တာတာ ကု မ္ပဏီ ဥက္ကဌ အဖြစ်မှ ဖယ်ရှားခံခဲ့ရပါတယ်။ တာတာကုမ္ပဏီဟာ ဆား၊ သံမဏိ၊ ဆော့ဖ်ဝဲ နဲ့ နည်းပညာ

ထုတ်ကုန်တွေကို နိုင်ငံပေါင်း ၁၀၀ ကျော်မှာ လည် ပတ် လုပ်ကိုင်နေပြီး ယမန်နှစ်က ဒေါ်လာ ၁၃၀ ဘီလီယံထိ ၀င်ငွေရရှိခဲ့ပါတယ်။ မစ္စတာမစ်စထရီ ယာ ဉ်တိုက်မှု ဖြစ်ပြီး ကွယ်လွန်မှုဟာ ၂၀၂၁ ခုနှစ်အတွ

င်း လူတသိန်းငါးသောင်းကျော် သေဆုံးခဲ့ပြီး ပျှမ်းမျှအားဖြင့် တစ်နာရီကို လူ ၁၈ ဦးနှုန်းသေဆုံးမှုရှိနေတဲ့ အိန္ဒိယနိုင်ငံရဲ့ ယာဉ်မတော်တဆမှု မြင့်မားလာတဲ့ အပေါ် အာရုံစိုက်လာစေပါတယ်။ Ref: BBC

(Visited 95 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*