တရုတ်တွင် အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် အနည်းဆုံး လူ (၄၆) ဦး သေဆုံး

တရုတ်တွင် အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် အနည်းဆုံး လူ (၄၆) ဦး သေဆုံး

တရုတ်နိုင်ငံ အနောက် တောင်ပိုင်းမှာ စက်တင်ဘာ (၅) ရက်က ပြင်းအား (၆.၈) အဆင့်ရှိတဲ့ အင်အားပြင်း ငလျင် တစ်ခု လှုပ်ခတ် ခဲ့တဲ့အတွက် အနည်း ဆုံး လူ (၄၆) ယောက်သေဆုံးပြီး (၁၆) ယောက် ပျောက်ဆုံးနေပါတယ်။ ငလျင်ဟာ ဒေသစံတော်ချိန် နေ့လယ် (၁)နာရီလောက်မှာ စီချွမ်ပြည်နယ်ကို ဗဟို

ချက်ထားပြီး အောက်အနက် (၁၀) ကီလိုမီတာကနေ လှုပ်ခတ်ခဲ့တာပါ။ ငလျင်ဒဏ်ကြောင့် ဖုန်းလိုင်းတွေ ပြတ်တောက်ခဲ့ပြီး တောင်ပြိုကျမှုတွေ နဲ့ အ ဆောက်အအုံတွေ ဆိုးဆိုးရွားရွား ပြိုကျပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ လူဦးရေ (၂၁) သန်းလော က် နေထိုင်တဲ့ စီချွမ်းပြည်နယ်ရဲ့ မြို့တော် ချန်ဒူးမှာ

ကိုဗစ် ကူးစက်မှုတွေကြောင့် အိမ်ပြင် မထွက်ကြဖို့ ပြီးခဲ့တဲ့ တစ်ပတ်ကတည်းက အမိန့်ထုတ်ထားတာဖြစ်ပါတယ်။ ငလျင်ဗဟိုချက် နေရာဖြစ်တဲ့ လုဒင်းမြို့ဟာ ချန်ဒူးမြို့ရဲ့ (၂၂၆) ကီလိုမီတာအကွာရှိ တော င် တန်းထူထပ်တဲ့နေရာမှာ တည်ရှိတာပါ။ အပျက် အစီးတွေကြားထဲမှာ နောက်ထပ် လူ (၁၆) ယောက်

ပျောက် ဆုံးနေပြီး ဒဏ်ရာရသူ အယောက်(၅၀)ရှိတယ်လို့ တရုတ်နိုင်ငံပိုင် သတင်းဌာနက ထုတ်ပြန်ထားပါတယ်။ လက်ရှိမှာတော့ မြေပြိုကျမှုတွေကြေ ာင့် လမ်းပိတ်ဆို့မှုတွေ ဖြစ်ပေါ် နေတာကို ရှင်းလ င်းဖယ်ရှားဖို့ နဲ့ ပြည်သူတွေကို ကူညီဆောင်ရွက်ပေးဖို့ ကယ်ဆယ်ရေးဝန်ထမ်း (၅၀၀)ကျော်ကို စေ

လွှတ်ထားတယ်လို့ ဆိုပါတယ်။ စီချွမ်ပြည်နယ်မှာ လွန်ခဲ့တဲ့ (၂၀၁၈)ခုနှစ်ကလည်း ပြင်းအား (၇.၈) အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် လူ (၉၀,၀၀၀) နီးပါး သေဆုံးခဲ့ပါတယ်။

(Visited 177 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*