သူမရဲ့အသက် (၂၉)နှစ်ပြည့်တဲ့အထိ ဘဝမှာ ပထမဆုံး ထိုးဖြစ်ခဲ့တဲ့ တက်တူးပုံလေးကို ပြသလာခဲ့တဲ့ Bobby Soxer

သူမရဲ့အသက် (၂၉)နှစ်ပြည့်တဲ့အထိ ဘဝမှာ ပထမဆုံး ထိုးဖြစ်ခဲ့တဲ့ တက်တူးပုံလေးကို ပြသလာခဲ့တဲ့ Bobby Soxer

Hip Hop လောကတစ်ခုမှာ ပရိတ်သတ်တွေ အား ပေး ချစ်ခင်မှု အပြည့်နဲ့ နာမည်ကြီးပြီး နေရာရခဲ့တဲ့ အဆိုတော် လွှမ်းပိုင်နဲ့ Bobby Soxer တို့ကတော့ ယခုအချိန်ထိ အောင်မြင်မှု များစွာကို ရရှိ ပိုင်ဆိုင်ထား သူတွေပဲ ဖြစ်ပါတယ်။ အဆိုတော် လွှမ်းပိုင်

ကတော့ သီချင်းတွေ သီဆိုတဲ့အပြင် သရုပ်ဆောင်ဘက် ကိုပါ ကူးပြောင်း လာခဲ့ကာ သရုပ်ဆောင် ပီ ပြင်မှု တွေကြောင့် ပရိတ်သတ် အားပေးရတဲ့ နေရာတစ်ခုမှာ ရှိနေတာပဲ ဖြစ်ပါတယ်။

အဆိုတော် Bobby Soxer ကတော့ သူမနှစ်သက်တဲ့ သီချင်းတွေကိုပဲ သီဆိုနေကာ ပရိသတ်တွေရဲ့ အချစ်ကို ရယူထားသူပဲ ဖြစ်ပါတယ်။ သရုပ်ဆော ဆောင် ဘက်ကိုတော့ သူမကိုယ်တိုင် ကလည်း စိတ်မဝင် စားတာကြောင့် မလုပ်ဖြစ်တာ ဖြစ်ပြီး သူမ

ချစ်ရတဲ့ လွမ်းပိုင်ကိုတော့ အမြဲတမ်း အနောက်ကနေ Support ပေး နေပါတယ်လို့ ပြောပြခဲ့ဖူးပါတ ယ်။ သူတို့နှစ်ယောက်ရဲ့ ချစ်သူသက်တမ်း ကတော့ ၁၀ နှစ်နီးပါး ရှိသွားခဲ့ပြီ ဖြစ်ပြီး ယခုအချိန်ထိ တစ်ယောက်အပေါ် တစ်ယောက် နားလည်ကာ ချစ်ကြ

သူတွေမို့ ပရိတ်သတ်တွေက အားကျနေရတာပဲ ဖြစ်ပါတယ်။ ခေတ်လူငယ် တစ်ယောက်ပီပီ လွတ်လွတ်လပ်လပ် နဲ့ ပေါ့ပေါ့ ပါးပါးသာပဲ နေထိုင် တတ်တဲ့ Bobby Soxer ဟာ သူမရဲ့ လူငယ်ဘဝမှာ တက်တူးတစ်ခုကိုလည်း ထိုးခဲ့ပြီပဲဖြစ်ပါတယ်။ Bobby

Soxer က သူမရဲ့ ရင်ဘတ်အပေါ်မှာ အသည်းပုံ တက်တူး သေးသေးလေး ထိုးခဲ့တဲ့ ပုံရိပ်တွေကို သူမရဲ့ ပရိသတ်တွေဆီ အင်စတာဂရမ် စာမျက်နှာက နေတဆင့် ပြသလာခဲ့တာကို အခုလိုမျိုးပဲ တွေ့ရပါတယ်။ Bobby Soxer ကတော့ သူမဘဝရဲ့

ပထမဦးဆုံး တက်တူးကို အသက် (၂၉) နှစ်အရွယ် ရောက်မှ ထိုးဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီခေတ်လူင ယ် နီးပါးတိုင်းမှာ တက်တူး တစ်ခုစီ အနည်းဆုံး ရှိတာမို့ ပရိသတ်ကြီးကလည်း Bobby Soxer ကို ချ စ်တဲ့ မျက်စိလေးနဲ့ ကြည့်ပေးကြပါလို့ တောင်းဆိုပါရစေနော်။

(Visited 318 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*