ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားတစ်ဦး တောဆင်ရိုင်းနင်းခံရ၍ သေဆုံး

ထိုင်းနိုင်ငံ၌ ရာဘာခြံလုပ်သားအဖြစ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားတစ်ဦး တောဆင်ရိုင်းနင်းခံရ၍ သေဆုံး

ထိုင်းနိုင်ငံ ၊ချာခြုံဆောင် ခရိုင်ရှိ ရာဘာခြံ၌ အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား တစ်ဦးသည် သြဂုတ် ၃၁ ရက်က တောဆင်ရိုင်း အနင်းခံရ၍ သေ ဆုံးသွားခဲ့ကြောင်း သိရသည်။ ယင်းနေ့က ရာဘာခြံ

အတွင်းသို့ တောဆင်ရိုင်း ဝင်လာသဖြင့် သေဆုံးသူအမျိုးသားမှ ၎င်း၏ ဇနီးဖြစ်သူအား ဘေးလွတ်ရာသို့ ရှောင်တိမ်းရန် သတိပေး ခဲ့ကြောင်း သိရသည်။ထို့ကြောင့် ၎င်း၏ ဇနီးဖြစ်သူမှ အသက် (၁) နှစ်

အရွယ်ရှိ ကလေးငယ်အား ပွေ့ချီ၍ ထွက်ပြေးလွတ် မြောက် သွားသော်လည်း အသက် (၄၂) နှစ် အရွယ်ခန့်ရှိ သေဆုံးသူ အမျိုးသားမှာ ထွက်ပြေးစဥ် လွတ် မြောက် ခြင်းမရှိဘဲ တောဆင်ရိုင်း နင်းခံခဲ့ရ ကြော

င်း သိရသည်။ သေဆုံးသူ အမျိုးသား၏ ရုပ်အလေ ာင်းအား ထိုင်းနိုင်ငံ လူမှုကူညီရေး အသင်းဝင်များ ကလာရောက် သယ်ဆောင်၍ ဆေးရုံသို့ပို့ ဆေ ာင်ခဲ့ကြကြောင်း သိရသည်။ “သူ့ မိန်းမကို တော့

ဆင်ရိုင်း လာနေလို့ ပြေးခိုင်းတယ် အဲဒီမှာ သူ့မိန်းမကတော့ လွတ်သွားတယ် သူလည်း ထွက်ပြေး ပေမယ့် မလွတ်ဘူ းဖြစ်သွားတာပေါ့ သူ့အမျိုးသမီးကိုတော့ ကျွန်တော်တို့က လိုအပ်တဲ့ အကူအညီ တွေကို

ပေးသွားမှာပါ”ဟု ထိုင်းနိုင်ငံရောက် မြန်မာအလုပ် သမားများ အရေး ကူညီဆောင်ရွက် ပေးနေ သူတစ်ဦး ကပြောသည်။

(Visited 521 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*