ကာတာနိုင်ငံ အခြေစိုက် ဆက်သွယ်ရေး ကုမ္ပဏီ ဖြ စ်သည့် အူရီဒူး မြန်မာကို စင်ကာပူ TOMV သို့ ရော င်းချရန် စီစဥ်နေကြောင်း သိရ

ကာတာနိုင်ငံ အခြေစိုက် ဆက်သွယ်ရေး ကုမ္ပဏီ ဖြ စ်သည့် အူရီဒူး မြန်မာကို စင်ကာပူ TOMV သို့ ရော င်းချရန် စီစဥ်နေကြောင်း သိရ

ကာတာနိုင်ငံ အခြေစိုက် ဆက်သွယ်ရေး ကုမ္ပဏီ ဖြ စ်သည့် အူရီဒူး မြန်မာကို စင်ကာပူ အခြေစိုက် နည်းပညာ ကုမ္ပဏီ တစ်ခုဖြစ်သည့် The One Matrix Ventures (TOMV) သို့ ရောင်းချရန် စီစဉ်နေကြေ ာင်း Reuters သတင်းဌာနက ယနေ့မှာပဲ ဖော်ပြလာ

သည်။ အူရီဒူး အနေဖြင့် TOMV သို့ ရောင်းချရန်အတွက် စစ်ကောင်စီ၏ ပို့ဆောင်ရေး နှင့် ဆက်သွ ယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနထံသို့ တင်ပြထားသော်လည်းအသေးစိတ် အချက်လက်ကို မသိရှိရသေးကြောင်း

သတင်းရင်းမြစ်များက ပြောသည်ဟု Reuters က ဆိုသည်။ အူရီဒူး မြန်မာကို ဝယ်ယူခွင့်ရရန် အလား အလာရှိနေသော စင်ကာပူကုမ္ပဏီ TOMV သည် မြန်မာစီးပွားရေး လုပ်ငန်းရှင် ဦးမျိုးမြင့်အုန်း ပိုင် ဆိုင်သည့် ကုမ္ပဏီဖြစ်ပြီး သူသည် စင်ကာပူ နည်းပ

ညာကုမ္ပဏီ Campana Group ၏ဦးဆောင်သူလဲ ဖြစ်သည်။ အူရီဒူးမြန်မာကို Young Investment Group နှင့် ရွှေသံလွင် ဦးကျော်ဝင်း ဟု လူသိများသော စီးပွားရေး လုပ်ငန်းရှင် ပိုင်ဆိုင်သည့် Sky Net ကုမ္ပဏီတို့ကလည်း ဝယ်ယူခွင့်ရရန် ကြိုး ပမ်း

လျက်ရှိသည်။ မြန်မာနိုင်ငံတွင် စစ်အာဏာ သိ မ်းပြီးနောက် နော်ဝေ ဆက်သွယ်ရေး ကုမ္ပဏီ တယ်လီနော ထွက်ခွာသွား ပြီးနောက် အူရီဒူးကလည်း မြ န်မာနိုင်ငံမှ လုပ်ငန်းများကို ရောင်းချပြီး ထွက်ခွာရန် ပြင်ဆင်လာခြင်း ဖြစ်သည်။

(Visited 42 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*