ဆွမ်ပရာဘွမ်မှာ ကြွက်ဘေး အန္တရာယ်ကြောင့် ရိတ်စရာ စပါးမရှိတဲ့ အခြေအနေထိ ဖြစ်လာနေ

ဆွမ်ပရာဘွမ်မှာ ကြွက်ဘေး အန္တရာယ်ကြောင့် ရိတ်စရာ စပါးမရှိတဲ့ အခြေအနေထိ ဖြစ်လာနေ

ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ် မြို့နယ်ထဲက ဆူယန်ကျေးရွာမှာ တောင်ယာတွေထဲ ကြွက်တွေ ဝင်ရော က်ဖျက်ဆီး တာကြောင့် ပျက်စီးမှုတွေ ဖြစ်နေပြီး ရိ တ်စရာ စပါးမကျန်တဲ့ အထိ ဖြစ်နေတယ်လို့ တောင် ယာစိုက်တဲ့ ဒေသခံတွေ ကပြောပါတယ်။အခုလိုမျိုး

တောင်ယာ တွေထဲ ကြွက်တွေ ဝင်ရောက် ဖျက်ဆီးတာဟာ တစ်လလောက် ရှိနေပြီ ဖြစ်ပြီး တစ်အိမ်တစ်‌ယောက် နှုန်းနဲ့ ကြွက်မောင်း တာတွေ လုပ်ကြပေမဲ့ ကြွက်တွေကတော့ တောင်ယာ တွေထဲလျော့ ပါး သွားတာမရှိဘဲ စပါးတွေ ဆက်လက် ဖျက်ဆီးခံ

နေရဆဲ ဖြစ်တယ်လို့ ဆိုကြပါတယ်။ “စပါးနှံ ထွက်တာနဲ့ ကြွက်က စားတော့ တောင်ယာ တစ်ခုလုံးပြော င်တဲ့ပုံစံတွေ ဖြစ်သွားတယ်။ ဘယ်လိုမှ နှိမ်နှင်းလို့ မရဘူး။ အခု ကြွက်သောင်းကျန်းတာ တစ်လ ကျော်ကြာနေပြီ။ တောင်ယာ လုပ်စားတဲ့သူ အများစုက

မရှိဆင်းရဲသားနဲ့ တခြားဝင်ငွေ မရှိတဲ့ လူတွေ လုပ်ကြတာ လုပ်တဲ့တောင်ယာ ဆိုတာလည်း ရောင်းစားဖို့ တောင်မပါဘူး။ တစ်နိုင်တစ်ပိုင် မိသားစု ဝမ်းစာဖူလုံရေး အတွက် လုပ်ကြတာ များတယ်” လို့ဆွမ်ပရာဘွမ် ဒေသခံ တစ်ဦးက ပြောပါတယ်။

ဆွမ်ပရာဘွမ် မြို့နယ်ထဲက ကျေးရွာမှာရှိတဲ့ တောင် ယာတွေကို ကြွက်ဘေးကျရောက် တာဆိုရင် ၁၉၇၇ ခုနစ်လောက်က တစ်ကြိမ် ဖြစ်ဖူးသလို အခု တစ်ကြိ မ်မှာလည်း ထပ်ပြီး ဆိုးရွားတဲ့ အခြေနေ ထပ်ဖြစ် လာမှာကို ဒေသခံတွေ စိုးရိမ်နေ ကြပါတယ်။

(Visited 63 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*