ကာယကံရှင်တွေ မသိဘဲ အလှူရှင် နာမည်စာရင်းမှာ ပါနေတဲ့ ကိစ္စ ဖြေရှင်း တောင်းပန်လာတဲ့ ယုန်လေး

ကာယကံရှင်တွေ မသိဘဲ အလှူရှင် နာမည်စာရင်းမှာ ပါနေတဲ့ ကိစ္စ ဖြေရှင်း တောင်းပန်လာတဲ့ ယုန်လေး

မင်္ဂလာပါ ပရိသတ်ကြီးရေ အဆိုတော် ယုန်လေးကိုတော့ အားလုံး သိပြီးသား ဖြစ်မှာပါနော်။ ယုန်လေးဟာ ဆိုရင်တော့ သီချင်း သီဆိုရုံ သာမက ယခုနော က်ပိုင်းမှာ ရုပ်ရှင်ကားကြီး တွေမှာပါ ပါဝင်ရိုက်ကူး

ထားတဲ့သူ တစ်ဦးလည်း ဖြစ်တဲ့အတွက် လူသိများသူ တစ်ဦးလို့ ဆိုရမှာပါနော်။ နိုင်ငံရေး ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့လည်း သူ့ရဲ့လုပ်ရပ် တချို့ ရိုက် ကူးမှုတွေဟာ ဝေဖန်စရာတွေ ဖြစ်ခဲ့တာ အတွက်

ပရိသတ် ပြည်သူတွေရဲ့ ဝေဖန်မှုကို ခံခဲ့ရသူဖြစ်ပြီး အကြိမ်ကြိမ် တောင်းပန်လိုက်၊ ငိုလိုက် ကန်တော့လိုက် ထပ်ဖြစ်လိုက်နဲ့ တောင်းပန် သံသရာမှာ မကြာမကြာ လည်နေခဲ့တဲ့သူ တစ်ဦးလို့လည်း ဆိုရမယ့်သူ

ပါ။ ယခုနောက်ပိုင်း ကာလတွေမှာ တောင်းပန်တာတွေ ငိုပြတာတွေနဲ့ အတန်ကြာ ကင်းဝေး နေခဲ့တဲ့ ယုန်လေးဟာ ပြီးခဲ့တဲ့ ရက်မှာတော့ ကားရောင်းရတဲ့ ငွေကို မတည်ကာ လိုအပ်နေသူ တွေကို အလှူ

လုပ်မယ်ဆိုပြီး ပို့စ်တင် လာကာ သူ့ထဲသို့ လှူဒါန်းထားသူများ အလှူစာရင်းဆိုပြီး လှူသူ အမည်နဲ့ ငွေပမာဏတွေ တွဲတင်ကာ ပို့စ်တင်ပြီး အလှူခံလာခဲ့တာကို တွေ့ရပါတယ်။ ဒီလို အလှူရှင် စာရင်းတွေ

တင်လာ တာကပဲ သူနဲ့ ကာလအတန်ကြာ တောင်း ပန်ခြင်းတွေ ပြန်စဖို့ ဇာတ်လမ်း ဆိုတာကို တော့ မည်သူမှ ကြိုတင် မှန်းဆ သိနိုင်ခဲ့ကြမယ် မထင်ပါဘူးနော်။ အခု အခါမှာတော့ ယုန်လေး တင်လာတဲ့

အမည်စာရင်းမှာ ပါဝင်နေသော အဆိုတော် နေဝင်း အဆိုတော် ကျော်ထွဋ်ဆွေနှင့် မော်ဒယ်လ် နန်းသူဇာတို့မှ သူတို့အနေနဲ့ ယုန်လေးရဲ့စာရင်းထဲမှာ ပါဝင်နေပေမယ့် သူတို့ကိုယ်တိုင် အကျိုးအကြောင်း ဘာ

မှ မသိခဲ့ရသလို သူတို့ အနေနဲ့ ငွေကြေး တစ်စုံတစ် ရာ ထည့်ဝင်ခဲ့ခြင်း မရှိဘူးလို့ ဆိုလာပါတယ်။ ဒီကိ စ္စနဲ့ ပတ်သက်ပြီး ယုန်လေး က အခုလို တောင်းပန် ဖြေရှင်းလာခဲ့တာကို တွေ့ရပါတယ်။ အဆိုတော်ယုန်

လေးက “ဆန် ဆီ ကြက်ဥ မိသားစု 3000 စာရော က်ပါပြီ။ မနက်ဖြန် လုပ်အားဖြစ် အလှူပါဝင်သော ညီအစ်ကိုများမှ စလှူပါပြီခင်မျာ။ အလှူရှင်များ ကိုလည်း ကျေးဇူးတင် ပါတယ် 🙏🏻 ကျွန်တော် အရင်

က Producer အနေနဲ့ ထုတ်ထားတဲ့ ခွေတွေထဲက Ringtune နှင့် တခြားတခြား ပလက်ဖောင်းများမှ ရထားတဲ့ အနုပညာ ကြေးတွေကို လွန်ခဲ့တဲ့ 2 လ က အနုပညာရှင်တွေကို အလှူလေးတွေ လုပ်ဖို့ အလှူခံ

ခဲ့ပါတယ်။ လွှဲပေး ဆိုလည်း လွှဲပေးမယ် ပြောခဲ့ပါတယ်။ အကုန်လုံးက ထည့်ဝင် ခဲပါတယ်။ သူတို့ အ နုပညာကြောင့် ရထားတဲ့ ငွေမို့လို့ အလှူရှင် နာမည်မှာ ကျွန်တော် ဒီတိုင်းတက်ခဲ့ပါတယ်။ အနုပညာရှင်

များလည်း စိတ်အနှောင့်ယှက် ဖြစ်သွားရင် တောင်း ပန်ပါတယ်” ဆိုပြီး သူ့အနေနဲ့ အလှူ အမည် စာရင်း ရေးခဲ့တာဟာ ထို အနုပညာရှင် များကို ပေးစရာရှိသော အနုပညာ ကြေးငွေတွေ ဖြစ်တဲ့အတွက် သူတို့

နာမည်တပ်ခဲ့ရတာ ဖြစ်ကြောင်း ရေးသား ပြောဆိုလာခဲ့ပြီး ယခုလို ပြုမူခဲ့မိသည့် အတွက် အနှောက်အယှက် ဖြစ်သွားကြမယ် ဆိုရင်လည်း တောင်းပန်ပါတယ်ဆိုပြီး ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။

(Visited 197 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*