လင်မယား စကားများ၍ ဇနီးဖြစ်သူမှ ခင်ပွန်းဖြစ်သူ အား ဓါးဖြင့်…

လင်မယား စကားများ၍ ဇနီးမှ ခင်ပွန်းဖြစ်သူ အား ဓါးဖြင့် ထိုးပြီး၊ သနပ်တုံးဖြင့် ထုရိုက် သတ်ကာ အ လောင်းဖျောက်

ပဲခူးတိုင်း၊ ပဲခူးမြို့၊ ရပ်ကွက်ကြီး ၈ တွင် သြဂုတ်လ ၂၁ ရက်နေ့က လင်မယားချင်း စကားများရာမှ ဓားဖြင့်ထိုးကာ အလောင်း ဖျောက်မှုအား ဖော်ထုတ် ဖ မ်းဆီး နိုင်ကြောင်း ပဲခူးတိုင်း ရဲတပ်ဖွဲ့ထံက သိရသ

ည်။ “လင်မယား စကားများ၍ ဇနီးမှ ခင်ပွန်းကို အ ရိုးအသွား ၈လက်မ ခန့်ရှိတဲ့ ဓါးချွန်ဖြင့် ၅ချက်ထိုးတယ်။ ဓါးထိုးခံရတဲ့ ဒဏ်ရာကြောင်း လှဲကျသွားတဲ့ ခင်ပွန်ကို ထပ်မံကာ သနပ်ခါးတုံးဖြင့် အချက်ပေါ

င်းများစွာ ထုရိုက်ပြီး ၎င်းတို့ နေထိုင်သည့် ဟံသာဝတီ အဆင့်မြင့် အိမ်ယာ ဂိတ်(၁) ၏ ပေ(၈၀) ခန့်အ ကွာ တူးမြောင်းဘေး (အိမ်ယာဝန်းအတွင်း) မှာ အ ကိုဖြစ်သူ နှင့်အတူ မြေမြုပ်ပြီး အလောင်းဖျောက်

ခြင်းဖြစ်တယ်”ဟု ပဲခူးခရိုင် ရဲတပ်ဖွဲ့ဝင် တစ်ဦးက  ပြောသည်။ ယင်း ကိစ္စနှင့် ပတ်သက်၍ သေဆုံးသူ ၏ ဇနီးဖြစ်သူနှင့် ယောက်ဖ တို့မှာ ထွက်ပြေးတိမ်း ရှောင်နေခဲ့ပြီး ၎င်းတို့နှစ်ဦးကို ဖမ်းဆီး ထိန်းသိမ်း

ရမိခဲ့ခြင်းဖြစ်သည်။ ခင်ပွန်းဖြစ်သူ သန်းပို (ခ)ငဘု တ် (ခ) ချစ်စမ်းမောင်အား မြေမြုပ်ပြီး အလောင်းဖျောက်သည့် ဇနီးဖြစ်သူ အေးနွယ် (ခ) ကုလားမနှင့် အလောင်း ဖျောက်ဖျက်ရာတွင် အားပေး ကူညီ

သူ အောင်ရတနာ တို့အား ပဲခူးမြို့ အမှတ် ၃ နယ်မြေရဲစခန်းမှ (ပ) ၁၈၄/၂၀၂၂၊ ရာဇာသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂၊ ၂၀ ၂အရ အမှုဖွင့်လှစ်အရေးယူထားကြောင်း သိရသည်။

(Visited 1,086 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*