မလေးရှားနိုင်ငံ၌ အလုပ်လုပ်ကိုင် မြန်မာနိုင်ငံသားတစ်ဦးက လေးရှားထီ ပထမဆုကြီးကို ဆွတ်ခူးရရှိ

မလေးရှားနိုင်ငံ၌ အလုပ်လုပ်ကိုင် မြန်မာနိုင်ငံသားတစ်ဦးက လေးရှားထီ ပထမဆုကြီးကို ဆွတ်ခူးရရှိ

မလေးရှားနိုင်ငံ၌ အလုပ် လုပ်ကိုင် နေသည့် မြန်မာ နိုင်ငံသား တစ်ဦးသည် သြဂုတ် ၂၈ ရက်က ဖွင့်လှစ်သော မလေးရှားထီ ပထမဆုကြီး ရင်းဂစ် ၆၁၀၅၀ အား ဆွတ်ခူး ရရှိခဲ့သည်ဟု နှလုံးလှ ပရဟိတ လူင

ယ်များ သွေးလှူရှင် အဖွဲ့ ( ကွာလာလမ်ပူ – မလေးရှား) မှ သိရသည်။ မလေးရှားထီ ပထမဆုအား ဆွ တ် ခူးခဲ့သည့် မြန်မာနိုင်ငံသားသည် ပဲခူးတိုင်း၊ အု တ်ဖိုမြို့မှ ဖြစ်ကာ ပထမဆုံးအကြိမ် ထီထိုးချိန် ၌ပင်

ပထမဆုအား ဆွတ်ခူး နိုင်ခဲ့ခြင်း ဖြစ်သည်။ ပထမအကြိမ် မလေးရှားထီကို စထိုးရာတွင် အခြားလူကပေးသည့် ဂဏန်းအား ထိုးခဲ့ခြင်း ဖြစ်ကာ အကြီး (၁၀ အသေး ၁၀) နှင့်ပတ်လည်(၁၀) အားထိုးရာမှ

ပထမဆု မလေးရင်းဂစ် ၆၁၀၅၀ (မြန်မာငွေကျပ်သိန်း ၄၀၀ ကျော်) ရရှိခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ကံထူးသူမှ ရရှိသည့် ထီ ဆုငွေအား ကူညီထုတ်ယူပေးရန် နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်

အဖွဲ့ (ကွာလာလမ်ပူ – မလေးရှား) ထံဆက်သွယ် အ ကူအညီ တောင်းခံခဲ့သဖြင့် ကူညီပေးခဲ့ ကြကြောင်း သိရသည်။ ထို့ပြင် မလေးရှားထီ ကံထူးသူက ထီဆုငွေ ထုတ်ယူ ပြီးချိန်၌ နှလုံးလှ ပရဟိတ လူငယ်

များ သွေးလှူရှင်အဖွဲ့ (ကွာလာလမ်ပူ- မလေးရှား) ၏ ပရဟိတ ကူညီမှုများ အတွက် ရင်းဂစ် ၂၀၀၀ လှူဒါန်း ခဲ့သည်ဟု သိရသည်။

(Visited 1,256 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*