စီးပွားရေး‌ အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည့် သီရိလင်္ကာနိုင်ငံကို မြန်မာနိုင်ငံမှ ဆန်တန်ချိန်ပေါင်း (၁၀၀၀) လှူဒါန်း

စီးပွားရေး‌ အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည့် သီရိလင်္ကာနိုင်ငံကို မြန်မာနိုင်ငံမှ ဆန်တန်ချိန် (၁၀၀၀) လှူဒါန်း

စီးပွားရေး‌ အကျပ်အတည်းနှင့် ရင်ဆိုင် နေရသည့် သီရိလင်္ကာနိုင်ငံကို မြန်မာနိုင်ငံမှ ဆန်တန်ချိန်ပေါင်း (၁၀၀၀) လှူဒါန်းလိုက်ပြီး လွှဲပြောင်းလှူဒါန်းပွဲ အခ မ်းအနားကို စက်တင်ဘာလ ၂ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ရှိ Asia World Port Terminal ၌

ကျင်းပခဲ့သည်။ ယခုလှူဒါန်းမှုသည် သီရိလင်္ကာ ပြ ည်သူများအပေါ် မြန်မာ အစိုးရနှင့် ပြည်သူများ၏ စာနာမှုကို ပြသခြင်းဖြစ်ကြောင်း၊ နှစ်နိုင်ငံ ချစ်ကြ ည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးကို ပိုမိုတိုးမြှင့် ဆောင်ရွက် နိုင်မည်ဟု မျှော်လင့်ကြောင်း စီးပွား

ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက အခမ်းအနားတွင် ပြောကြားခဲ့ပြီး ဆန်လှူဒါန်းခြင်းနှင့် ပတ်သက်သည့် စာရွက်စာတမ်းများ လွှဲပြောင်း ပေးအပ်ခဲ့သ ည်။ သီရိလင်္ကာသံအမတ်ကြီးက ဆန်များတင်ပို့နိုင်

ရေး စီစဉ်ဆောင်ရွက် ပေးခဲ့သော မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌထံသို့ ကျေးဇူးတင်လွှာ ပြန်လည် ပေးအပ်ပြီး အစိုးရနှင့်တာဝန်ရှိသူများကို အထူး‌ ကျေးဇူးတင်ရှိကြောင်း၊ စီးပွားရေး‌ အကျပ် အတည်းနှင့် ရင်ဆိုင်နေရသည့် သီရိလင်္ကာနိုင်ငံ၏

လတ်တလော အခြေအနေတွင် ယခုကဲ့သို့ လှူဒါန်းခြင်းသည် များစွာအထောက်အကူဖြစ်ကြောင်း၊ လှူ ဒါန်းပေးရန် စီမံဆောင်ရွက် ပေးခဲ့သည့် နစကဥက္က ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုလည်း များစွာကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

(Visited 62 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*