လှိုင်းဘွဲ့မြို့နယ်မှာ ရွှေဆိုင် ၂ ဆိုင် ဓားပြတိုက်ခံရပြီး သိန်း ၆၀၀ ကျော် …

လှိုင်းဘွဲ့မြို့နယ်မှာ ရွှေဆိုင် ၂ ဆိုင် ဓားပြတိုက်ခံရပြီး သိန်း ၆၀၀ ကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းနဲ့ငွေသားတွေပါသွား

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ရွှေဂွန်းရွာ၊ မြို့မရပ် ကွက်၊ ဗိုလ်ချုပ်လမ်းမှာ ဖွင့်ထားတဲ့ ထွန်း ရွှေဆိုင်နဲ့ သရဖူ ရွှေဆိုင် ၂ဆိုင် ဓားပြတိုက်ခံရပြီး ငွေ သိန်း ၆၀၀ ကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းတွေ လုယက်ယူဆောင်သွားမှု မနေ့ ဩဂုတ် ၃၁ ရက်နေ့ ကဖြစ်

ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မနေ့က မနက် ၉ နာရီကျော်လောက်မှာ သေနတ်ကိုင်ထားတဲ့ လူတွေ ရောက်လာပြီး သေနတ် ပစ်ဖောက်ကာ ဆိုင်အတွင်းရှိ ရွှေထည့် ထားတဲ့ မှန်ဘောင်ကိုရိုက်ခွဲကာ ရွှေထည် ပစ္စည်းနဲ့ ဆိုင်ရှိငွေသား အချို့ပါ

ယူဆောင် သွားတာ ဖြစ်တယ်လို့ သိရပါတယ်။ ” သေနတ်သံ ကြားတော့ အားလုံး ဘုန်းကြီးကျောင်းထဲ ဝင်ပြေးကြတာပဲ၊ ကျွန်တော်လည်း ဝင်ပြေးတာ ဘုန်းကြီးကျောင်းထဲ၊ ဆိုင်တောင်မပိတ်ခဲ့ဘူး။ သေ နတ် ပစ်သံတွေကတော့ အချက်ရေ များတယ် ။ ရွှေ

ဆိုင်၂ခု ကနေ ရွှေ ၂၀သား လောက် ပါသွားတယ်ကြားတယ်။ လူ ထိခိုက်တာ မျိုးတော့ မကြားမိဘူး ” လို့ ဒေသခံ တစ်ဦးကပြောပါတယ်။ ဓားပြတိုက်သူတွေဟာ ဆိပ်ကမ်းကနေ စက်လှေနဲ့ ရောက်လာပြီး ရွှေဆိုင် တွေကို သေနတ် ပစ်ဖောက် ဓားပြတိုက်

သွားကာ ရွှေတွေရယူပြီးနောက် စက်လှေနဲ့ပဲ ပြန်ထွက်သွားတာ ဖြစ်တယ်လို့ သိရပါတယ်။ ” သရဖူရွှေဆိုင်ကို အရင်တိုက်တာ။အဲ့ဒီကို ဓားပြတိုက်နေရင်းမှ ထွန်းရွှေဆိုင်ကို လူခွဲသွားပြီး ထပ်လုတာဆိုတော့ သရဖူဆိုင်က ရွှေပါတာများတယ်။ ထွန်း က

တော့ နည်းတယ်လို့ကြားတယ် ” လို့ နောက်ထပ်ဒေ သခံတဦးကပြောပါတယ်။ လက်ရှိမှာ ရွှေဆိုင် ဓား ပြ တိုက်သူတွေကို ဖမ်းဆီးရမိခြင်း မရှိသေးကြော င်း ၊ ဆိုင်ပတ်ဝန်းကျင် အနီးကနေ လက်လုပ်ဗုံး၂ခုကို သိမ်းဆည်း ရမိခဲ့ပြီး တာဝန်ရှိ သူတွေ ကတော့

ဖမ်းဆီး နိုင်ရေး စစ်ဆေးရှာဖွေ တာတွေ လုပ်နေတယ်လို့သိရပါတယ်။ ရွှေဂွန်းရွာမှာ ရွှေဆိုင်တွေဓားပြတိုက် ခံရတာဟာ ပထမဆုံးဖြစ်စဥ် ဖြစ်တယ်လို့လည်း သိရပါတယ်။

(Visited 187 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*