ဝယ်ယူမယ့် သူမရှိရင် တစ်စစီ ဖျက်ပစ်ခံရမယ့် ကမ္ဘာ့အကြီးဆုံး အပျော်စီးသင်္ဘောကြီး

ဝယ်ယူမယ့် သူမရှိရင် တစ်စစီ ဖျက်ပစ်ခံရမယ့် ပေါ င် သန်း ၉၀၀ တန် ကမ္ဘာ့အကြီးဆုံး အပျော်စီးသင်္ဘော

အခုဆို ခရီးသည် ၉၀၀၀ ကို တင်ဆောင်နိုင်တဲ့ ကမ္ဘာ့ အကြီးဆုံး အပျော်စီး သင်္ဘောကြီးဟာ ရေမချရသေးခင်မှာပဲ တစ်စစီဖျက်ခံရမယ့် အခြေအနေ ကြုံနေရပါတယ်။ပေါင် သန်း ၉၀၀ တန်တဲ့ Global Dream II အပျော်စီးသင်္ဘောကြီးက ရေပေါ်အပ န်းဖြေ ကစားကွင်းနဲ့ ရုပ်ရှင်ရုံပါဝင်ပါတယ်။

ဂျာမန်- ဟောင်ကောင် သင်္ဘောတည်ဆောက်ရေးကုမ္ပဏီ MV Werften က ဒီသင်္ဘောကြီးကို တည် ဆောက် ပြီးစီးလုနီးပါး ဖြစ်ခဲ့ပေမဲ့ အခုနှစ်အစပိုင်းမှာ ကုမ္ပဏီဒေဝါလီခံရဖို့ ဖြစ်လာခဲ့ပါတယ်။ ဒီသင်္ဘော တည်ဆောက်ဖို့ အတွက် အခုအချိန်ထိ ပေါ င် ၁.၂ ဘီလျံဝန်းကျင် ကုန်ကျခံထားပါတယ်။

ဆောက်လုပ် ပြီးစီးဖို့အတွက် ဒီသင်္ဘောကို ဝယ်ယူမယ့်သူ မတွေ့ရင် တစ်စစီ ဖျက်ပစ်ဖို့ စီစဉ်ထားပါတယ်။ အခု သင်္ဘောရဲ့အင်ဂျင်နဲ့ အစိတ်အပိုင်းတွေကို ဖြုတ်ရောင်းဖို့ လုပ်ထားပါတယ်။ အောက်ခြေကိုယ်ထည် ကိုလည်း ရောင်းချမှာ ဖြစ်ပါတယ်။

ပထမဆုံး Global Dream သင်္ဘောကလည်း လ က်ရှိ ဈေးကွက်မှာ ရှိနေပေမဲ့ ရောင်းမထွက်သေးပါဘူး။ သင်္ဘော (၂) စင်းလုံးကို ဂျာမန် သင်္ဘောကျင်းတစ်ခုမှာ သိမ်းဆည်း ထားပေမဲ့ ဝယ်မယ့်သူကို ရှာ ဖွေတဲ့ အချိန်ကလည်း ကုန်တော့မှာပါ။ MV Werften ရဲ့စီမံခန့်ခွဲသူ ခရစ်စတော့ဖ် မော်ဂန်က

ကုမ္ပဏီရဲ့သင်္ဘောကျင်းကို စစ်သင်္ဘော တည်ဆော က်ဖို့ အသုံးပြုသွားမယ့် Thyssenkrupp ကုမ္ပဏီကို ရောင်းချ လိုက်ပြီလို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်ကုန်လောက်မှာ Global Dream နဲ့ Global Dream II တို့ကို ဖ ယ်ရှားပစ်နိုင်ပါတယ်။

Global Dream II က တည်ဆောက်ပုံအရ ပြီးသွားပေမဲ့ အကုန်ပြီးစီးဖို့အတွက် စက်ကိရိယာတချို့နဲ့ ခရီးသည် ဝန်ဆောင်မှု ပေးမယ့်နေရာ လိုအပ်နေ သေးပါတယ်။ သင်္ဘောတွေကို ဝယ်ယူမယ့်သူကို ရှာ ဖွေဖို့အတွက် အတားဆီး တစ်ခုကတော့ ဒီသင်္ဘောတွေကို အာရှဈေးကွက်အတွက် ဒီဇိုင်းထုတ်ထား

တာဖြစ်တဲ့အတွက် မြောက်အမေရိက (ဒါမှမဟုတ်) ဥရောပနိုင်ငံတွေမှာ အသုံးပြုဖို့ဆိုရင် သင်္ဘောအခ န်းငယ်၊ ကုန်းပတ်နဲ့ မောင်းနှင်အားစနစ်တွေမှာ ကြီးမားတဲ့ ပြောင်းလဲမှု လုပ်ဖို့လိုတာပါ။ Team ( ရိုးရာလေး )

(Visited 183 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*